Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 28, 2014

ရဲ ပစ်ခတ်မှူကြောင့် ရခိုင်ကလေးငယ် တစ်ဦး ကျည်ဆံထိမှန် ၊ တဦးသေဆုံး

Ko Moe
ယနေ့ ညနေ ၄ နာရီကျော်အချိန်တွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် စစ်ကဲလမ်းဘေးရှိ နေအိမ်မှ အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး အနီးအနားတွင် လုံးခြုံရေးယူထားသော
 ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။
၎င်းရပ်ကွက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ ဆန်ဂိုဒေါင်အနီး လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို မိမိအိမ်ပေါ်မှ ရပ်ကြည့်နေစဉ် သေနပ်ထိမှန်ခဲ့သည့်ဟု အဒေါ်ဖြစ်သူ တစ်ဦးကပြောကြားသည်။
ယင်းကလေးမှာ တင်ပါးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ယခု စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ယင်းအဒေါ်က ဆက်ပြောသည်။
စစ်တွေမြို့တွင် ယခုရက်များအတွင်း ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကို ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းရာတွင် အကြောင်းမဲ့ ပထမဆုံးဒဏ်ရာရရှိသူတစ်ဦးဖြစ်သည်။
စစ်တွေမြို့တွင် ယခု ညမထွက်ရအမိန့်ကို ည ၆ နာရီ၊ မနက် ၆ နာရီဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
-----------------------------------------------------------------

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတ်လ(၂၆)နှင့် (၂၇)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်တွင် နေအိမ်(၂၉)လုံး၊ ဂိုဒေါင်(၇)လုံး၊ မော်တော်ယာဉ်(၂)စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မတ်လ(၂၇)ရက်တွင် ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးမှု (၂၅)ကြိမ် ဖြစ်ပွားခဲ့သဖြင့် သတိပေးပစ်ခတ်မှု (၅)ကြိမ် ပြုလုပ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ (၂၈-၃-၂၀၁၄) ရက်နေ့တွင် စစ်တွေမြို့၌ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက် ရှိပြီး တည်ငြိမ်အေးချမ်းလျက် ရှိပါကြောင်း သိရှိရပါသည်။
MRTV

via YeYintNge

သေဆုံးကလေးငယ်

No comments:

Post a Comment