Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 2, 2014

မာယာပရောဂျက် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ


Monday, March 3, 2014

ဒါရိုက်တာဝိုင်းရိုက်ကူးထားပြီး နေတိုး၊ သက်မွန်မြင့်၊ ဖွေးဖွေးတို့ ပါဝင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ‘မာယာပရောဂျက်’ ရုပ်ရှင်ဇာတ်ကားကြီး ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သမ္မတအဆင့်မြင့်ရုပ်ရှင်ရြုံ
ကီးမှာ ပရက်ရှိုးပြသခဲ့ပါတယ်။ အချစ်မေတ္တာဖွဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တစ်ဦး အပေါ်တစ်ဦး အမုန်းများ၊ အာဃာတများမထားဘဲ နားလည်မှု၊ အေး ချမ်းမှုတွေနဲ့ ဘဝကိုတည် ဆောက်တတ်စေရန် ရိုက်ကူးတင်ဆက်ထား ပါတယ်။ ဒါရိုက်တာဝိုင်းက “ဒီဇာတ်ကားက အားလုံးပြီးသွားတဲ့အချိန် အထိ လိုအပ်ချက် ကြီးကြီးမားမား မရှိဘူး။ သူ့ရဲ့ ရှိတဲ့ဇာတ်နဲ့ သွားရတဲ့Trend က အတူတူပါပဲ။ အဲဒီတော့ လိုအပ်ချက်မရှိဘူးလို့ထင်တယ်။

သို့ သော်ငြားလည်းပရိသတ်ဘက်ကပြောလာမယ့်ဝေဖန်မှုအသံကိုနားထောင် ရမှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားလေးကို တခြားအချစ်ဇာတ်လမ်း မျိုးနဲ့မတူအောင်၊ဇာတ်လမ်းကို ပရိသတ်တွေ စိတ်ဝင် စား အောင် ရိုက်ကူး ထားတာဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်- သမ္မတ၊ သွင်၊ မင်္ဂလာ၊ Junction Square ၊ Junction Mawtin ၊ Top Royal (ပါရမီ) နဲ့ မန္တလေး- ဝင်းလိုက်၊မြို့မတို့အပြင်မြိတ်မြို့မင်္ဂလာအဆင့်မြင့်ရုပ်ရှင် ရုံကြီးတို့တွင်ရုံတင်ပြသသွားမယ်လို့သိရပါတယ်။

Popular Journal

မာယာပရောဂျက်ထရေလာကြည့်ရန် CLICK

No comments:

Post a Comment