CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 3, 2014
လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တဲ့သူမို့ သူ့ကို သဘောကျ ချစ်မိသွားတာလို့ ဖွင့်ဟခဲ့တဲ့ သက်မွန်မြင့်
Monday, March 03, 2014
ခင်ဆွေသက် on 2014-03-03 11:25
အနုပညာခြေလှမ်းစိပ်စိပ်နဲ့ သူချစ်တဲ့ပရိသတ်တွေအတွက် မနားတမ်းကြိုးစားတင်ဆက်နေသူ အကယ်ဒမီ သက်မွန်မြင့်ဟာ ခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီဆိုပေမယ့်လည်း သူချစ်တဲ့အနုပညာအလုပ်တွေကိုတော့ မပျက်မကွက် ကြိုးစားချပြနေဆဲပါ။ ခင်ပွန်းဖြစ်သူနဲ့ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတဲ့ သူမက ခင်ပွန်းအပေါ်ထားတဲ့ စိတ်ခံစားချက်နဲ့ သူတို့နှစ်ဦးဘယ်လို တွေ့ဖြစ်ခဲ့တယ်၊ ဘယ်လိုဖူးစားဆုံခဲ့တယ်ဆိုတဲ့အကြောင်းလေးတွေကို ခုလို ဖွင့်ဟသွားပါတယ်။
‘သူနဲ့က မပုံ့နဲ့ ပတ်သတ်ပြီး သိတာပေါ့။ ကိုယ်က အိမ်ဆောက်မယ်။ ဒီဇိုင်းအပ်ချင်တယ်ဆိုတော့ မပုံ့က မိတ်ဆက် ပေးရင်းနဲ့သိသွားကြတယ။် သူက သက်မွန်တို့အိမ်ကို ဒီဇိုင်းဆွဲပေးတယ်ပေါ့။ သူ့အပေါ် သက်မွန်သဘောကျမိတာက နှစ်ယောက်စလုံးက ကာရိုက်တာတူတယ်။ အလုပ်လုပ်တဲ့အချိန်မှာသာ လူကြီးတစ်ယောက်လိုနေပေမဲ့ အပြင်မှာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ နေတယ်။ သူ့ကို သဘောကျတာက လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တယ်။ကိုယ့်ကိုကိုယ် အရမ်းအနစ်နာခံတယ်။ ကိုယ်က ဘာပဲဖြစ်ဖြစ် သူများကို ကူညီလိုက်ရမှ တအားလူကြီးဆန်တယ်။ သက်မွန်နဲ့သူက ကာရိုက်တာတူတယ်။ အတွေးတူတယ်။ မတူတာဆိုလို့ ကိုယ်ကကလေးဆန်တယ်။ သူက လူကြီးဆန်တယ်။ ကျန်တာ တော်တော်များများတူတယ်။ ပရဟိတအပိုင်းကိုလဲ တက်ညီလက်ညီပဲတူတယ်။ အနုပညာဆိုလဲသူက ၀ါသနာပါတယ်။ အပြင်က ဆိုပေမဲ့ အနုပညာအသိုင်းအ၀ိုင်းနဲ့ နီးစပ်တယ်။
သူနဲ့ရည်းစားဖြစ်တဲ့နောက်ပိုင်းမှာ သူက ကိုယ့်အကြိုက်တွေကို လိုက်လေ့လာတယ်။ သက်မွန်က ပိတောက်ပန်းကြိုက်တယ်ဆိုတော့ ပိတောက်ပန်းပွင့်တဲ့ ရာသီဆို မရမက ခူးပြီးလာပေးတယ်။ ပိတောက်ပန်းဆိုတာသူနဲ့ကျမှ သက်မွန်လက်ဆောင်ရဖူးတာ။ တကယ်ဘ၀မှာတော့ သူနဲ့ပတ်သတ်ခဲ့တာတွေက အမှတ်တရပါပဲ။ ကိုယ်ကလဲ အလုပ်အရမ်းများတဲ့သူဆိုတော့ ကိုယ်ကိုတိုင်က အနုပညာရှင်ဆိုတော့ လူစိတ်ဝင်စားတာကို ခံနိုင်တယ်။ သူကျတော့ အပြင်လူဖြစ်နေတဲ့အတွက် လူစိတ်ဝင်စားရင် နေတတ်မှာ မဟုတ်တဲ့အတွက် သူ့အတွက် စဉ်းစားပေးခဲ့ပြီး သိပ်သွားသွားလာလာလဲမရှိခဲ့ဘူး။ နှစ်ယောက်က အလုပ်များတာလဲပါပါတယ်။ သက်မွန်ကတော့ စပြီး အလုပ်လုပ်ကတည်းက ကိုယ်တာဝန်ယူရတဲ့အပိုင်းကို အကောင်းဆုံးကြိုးစားသွားမှာပဲ။ သူကတော့ နားလည်ပေးတယ်။ ခွင့်ပြုပေးတဲ့အတွက်တော့ ကျေးဇူးအများကြီးတင်တယ်။ အားပေးနေတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်။ကိုယ့်ကိုတောင်အိမ်ထောင်အစောကြီးကျသလားလို့တွေးမိတယ်။နောက်တော့မှ အသက်က ၃၂ နှစ်ရှိပြီဆိုတာ သတိရတယ်။ ငါမငယ်တော့ဘူးပေါ့။ ကိုယ်ကကလေးလိုပဲနေတယ်ဆိုတော့ ကိုယ့်အသက်ကိုကိုယ်မေ့နေတယ်။ တကယ်တမ်း ကိုယ်ရင့်ကျက်ရမယ့်အရွယ်မှာ မရင့်ကျက်တော့ ပရိသတ်အမြင်မှာလဲ ဒါမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကတော့ ဒီအလုပ်ကို ဆက်လုပ်သွားမယ်။ ဆက်ပြီးအားပေးကြပါ’လို့ သူမက ပြောသွားပါတယ်။
Trend Myanmar
လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တဲ့သူမို့ သူ့ကို သဘောကျ ချစ်မိသွားတာလို့ ဖွင့်ဟခဲ့တဲ့ သက်မွန်မြင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 03, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment