Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 25, 2014

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှအခွင့်ရအာဏာပိုင်ဦးမြင့်ဦးက ဒေါ်သန်းသန်းအေး၏နေအိမ်အားလာရောက်ဖျက်သိမ်း


Tuesday, 25 March 2014
ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊
ကံဘဲ့ ဘူတာရုံလမ်းရှိ ဒေါ်သန်းသန်းအေး
ပိုင်ဆိုင်သော အိမ် အမှတ် (၁၁၅၃)အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ
အခွင့်ရ အာဏာ ပိုင် ဦးမြင့်ဦးက မတ်လ ၂၅ရက်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် လာရောက်ဖျက်သိမ်းခဲ့ရာ မြို့နယ်သံဃာ့ ဝန်ဆောင်မှု အဖွဲ့မှ ဦးဥာဏ်ဝံသက ကြားဝင်ဖြေရှင်းပေးခဲ့ရာ အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။

ယင်းနေအိမ်အား ဦးမြင့်ဦးနှင့်အတူ ရဲတပ်ဖွဲ့ဝင် ၄၀ကျော် ၊ကြက်ခြေနီ ၃၀ဝန်ကျင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စခန်းမှူး၊ မီးသတ် ၃၀ကျော်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းတို့ သည် အိမ်ဖျက်လက်နက်ပစ္စည်းအမျိုးမျိုးနှင့် လာရောက်ဖျက်သိမ်းခဲ့ရာ ပဉ္စနိကယ်ကျောင်းတိုက် မြို့နယ် သံဃာ့ ဝန်ဆောင်မှုအဖွဲ့မှ ဦးဥာဏ်ဝံသနှင့် ယင်းကျောင်းတိုက်မှ သံဃာ့နာယကဥက္ကဋ္ဌနှင့်အတူ သံဃာအင်အား ၁၀၀ခန့်သည် မတရားဘူးဟု ထင်မြင်ယူဆကာ ကြားဝင်ဖြေရှင်းခဲ့သောကြောင့် နှစ် ဖက်အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ဦးဥာဏ်ဝံသက “ဒီဒါကာမတွေနေတာ ၉၂ခုနှစ်ကစပြီး နေခဲ့တာ ဒီနေရာကို ဖျက်မယ်လို့ သံဃာ့တွေ ကြားတာလည်း ကြာပြီ ဘယ်လိုအခွင့်အာဏာနဲ့ ဖျက်တာလဲ ဘယ်သူအမိန့်ဖျက်တာလဲမေးတော့ ဖျက်သိမ်းခွင့်ပေးတဲ့ အထက်ကအမိန့်စာလည်း မပါဘူး သူတစ်ဦးတည်းကပဲလုပ်တာ ဒါကြောင့်ဦးဇင်း တို့လည်း သူတို့ဖက်ကနေ ဝင်ကူညီပေးတာပါ တခြားဘာမှဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ မဟုတ်ပါဘူး အခုပြည်ထောင်စု ဒုဝန်ကြီးဒေါက်တာတင်ရွှေနဲ့ ဆွေးနွေးလိုက်တယ် သူကမြေကွက် အစား ပေးမယ်လို့ပြော တယ် ရန်ကုန်စည်ပင်သာယာရဲ့ နယ်နိမိတ်အတွင်းထဲမှာ ပေးမယ်လို့ပြောတယ် ဒါပေမဲ့ကြည့်လိုက်အုံးမယ် သူတို့ပေးတဲ့နေရာက ဒီကဒါကာမတွေရဲ့ကျန်မားရေး၊ လူမှုရေး၊ စီးပွားရေး၊ သွားလာနေထိုင်ရေး အဆင်ပြေလား မပြေဘူးလား အဆင်ပြေတယ်ထင်ရင် ရပ်ကွက်က လူတွေနဲ့ဝိုင်း တိုင်ပင်မယ် အဆင်မပြေနိုင်ဘူး ထင်ရင်တော့ လက်မခံဘူး လက်မခံလို့သူတို့ အတင်းလာ ဖျက်မယ် ဆိုရင်တော့ ဦးဇင်းတို့လည်း ဒီကဒါကာမဖက်ကနေ ဆက်ပြီးတော့ ရပ်မယ်”ဟုပြောသည်။

ယင်းအိမ်အကျယ်အဝန်းမှာ ပေ ၄၇×ပေ ၈၀ အကျယ်အဝန်းရှိပြီး အဆောက်အဦးမှာ ပေ ၃၀×ပေ ၆၀ ဖြစ် သည်။ အိမ်ခြံဝင်း၏ အနောက်တွင် ဟိုတယ်ဝန်ထမ်း အိမ်ရာရှိသော ကြောင့် လမ်းအဖြစ် အသုံးပြု ရန် ပေ ၁၇ ပေအဖြင့် လမ်းဧရိယာပေးထားပြီး လိုအပ်ပါက နောက်ဘက်တွင် ၃ပေ ထပ်မံပေး မည့် ပြောသော်လည်း ဦးမြင့်ဦးမှာလက်မခံကြောင်းသိရသည်။

အိမ်ပိုင်ရှင် ဒေါ်သန်းသန်းအေးက “ဒီကိစ္စက ဖြစ်တာကြာပါပြီ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မယောက်ျား လည်း ဆုံးပါးသွားပါတယ် အခုတစ်ခါ လာပြီးတော့ အိမ်ကိုဖျက်မယ်လုပ်တာပါ သူပြောတဲ့ စကားရှိပါတယ် သူပြောတာက သူတို့အာဏာကအတည်ပဲ သူတို့အာဏာနဲ့သူတို့ပဲ တက်ဖျက်မယ် အစ်မတို့ခရိုင်အမိန့်၊ တိုင်းအမိန့်က တရားမဝင်ဘူးလို့ သူကပြောပြီးတော့ အိမ်ပေါ်ကိုတက်လာတယ် ဒါနဲ့အိမ်ပေါ်တက်ရင်လက်မှတ်ထိုးလို့ ပြောနေတဲ့အချိန်မှာဆရာတော်ဦးဥာဏ်ဝံသ ရောက်လာပါတယ်” ဟု ပြောသည်။

၎င်းမြေကွက်နဲ့ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ အခွင့်ရ အာဏာ ပိုင် ဦးမြင့်ဦးက ပုဒ်မ ၄၄၇ဖြင့် တရားစွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁လဦးမြသောင်းအား ချမှတ်ခဲ့သည်။
ယင်းအမှုအား ခရိုင်တရားရုံးနှင့် တိုင်းဒေသကြီးတရားရုံးတို့ကို အဆိုတင်သွင်းခဲ့ရာ ခရိုင်တရားနှင့် တိုင်းဒေသကြီးတရားရုံးတို့က ယင်းအမှုအား ဖယ်ဖျက်ပေးခဲ့သလို တရားလိုအား အနိုင်ပေးခဲ့သည်။
ယနေ့(မတ်လ ၂၅ရက်)၌ ပြည်ထောင်စုဒုဝန်ကြီးဒေါက်တာတင်ရွှေသည် ဦးဥာဏ်ဝံသ ၊ဦးပညာ သာမိ (ဥက္ကဌ)၊ ဘဒ္ဒန္တက္ကန္ဒဝံသ(အတွင်းရေးမှူး)၊ ဒေါ်သန်းသန်းအေး၊မြို့နယ် အုပ်ချုပ်ရေးမှူးဦး ဝင်းအောင် တို့အား ခေါ်ယူကာ ညိုနှိုင်းဖြေရှင်းခဲ့ရာ အကျယ်အဝန်းပေ ၄၇× ပေ ၈၀ ရှိသော ဒေါ်သန်းသန်းအေး ၏ မြေကွက်အစား ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ရှိ နေရာ တစ်နေရာတွင် ပေ ၂၀×ပေ ၆၀ရှိ မြေကွက်ကို ပြန်လည်အစားထိုး ပေးသွားမည့်ဟု လက်မှတ်ထိုးခဲ့သည်။
ချစ်မင်းထွန်း
Credit To :မြန်မာခေတ်

No comments:

Post a Comment