Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 23, 2014

ရဲမင်းထွန်းမှ ဦးစီးကာ စိတ်ကြွဆေးပြားများရောင်း ၀ယ်ဖောက်ကား



Correct New Mandalay

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ် ကွက်တွင် ရှိဦးစန်းညွန့်ဝေ+ဒေါ်မြမြအေးတို့ပိုင်တိုက်တွင် သားဖြစ် သူ မောင် ရဲမင်းထွန်း (ခ)ဖိုးဝ မှတ်ပုံတင်အမှတ် ၉/ပသက(နိုင်)၀၇၆၆၅၄ မှ ဦးစီးကာ စိတ်ကြွဆေးပြားများရောင်းဝယ်ဖောက်ကားခြင်း၊ မူး ယစ်ဆေးဝါးများ သုံးစွဲခြင်း၊ လောင်းကစား ဖဲဝိုင်းများပြုလုပ်ခြင်းဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာ
ကတည်းက ပြုလုပ်လျှက်ရှိပါသည်။ ၄င်း မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် လောင်းကစားဖဲဝိုင်းကို လွန်ခဲ့သော လပိုင်းအတွင်းက ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဇေလတ်၏ ဖမ်းဆီးအရေး ယူခဲ့ပါသည်။ ထိုလောင်းကစားဝိုင်းမှ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားများနှင့် လောင်းကစား ၀ိုင်းတွင်ပါဝင်သူများဖြစ်သော အိမ်ရှင်ဖြစ်သူ ဦးစန်းညွန့်ဝေနှင့် ဒေါ်မြမြအေးအပါ
အ၀င် သား မောင်ရဲမင်းထွန်း (ခ)ဖိုး ၀၊ မောင်ဇင်မင်းအောင်၊ မောင်သင် ထက်အောင်၊ မောင်ရဲ ထွဋ်၊ မောင် စစ်နိုင်ကို၊မောင်ကျော်ထက်ကို၊ မောင် အာကာစိုး အခြားအမည်မသိ (၅)ဦးနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ် ၄စီး၊ လောင်းကြေးငွေ အလတ်စား ပီနံအိတ် ၄လုံး အပြည့် ကျပ်(သိန်း2000)ခန့်ကိုဖမ်းဆီးမိသော်လည်း ပုသိမ်ကြီးမြို့နေ ဗိုလ်မှူးရဲညွန့်(ငြိမ်း)ဆိုသူမှ မလျော်သြဇာသုံးကာ ၀င်ရောက် လွှမ်းမိုး ခြယ်လှယ်ခဲ့သဖြင့် စခန်းမှူးဖြစ်သူ ဒုရဲမှူးဦးထွန်းထွန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။
ထိုသို့အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် မန်းလေးသတင်းပုံရိပ်သို့ တင်ပြတိုင်ကြားထားရာ ယနေ့အထိ တိုင် ဖမ်းဆီအရေး
ယူဆောင်ရွက်နိုင်ခြင်းမရှိသေးပါသောကြောင့် ကျွန်တော်တို့၏ စာမျက်နှာမှ ကမ္ဘာပေါ်ရှိ လူသားအားလုံး အမှန်တရားသိရှိနိုင်စေရေးအတွက် တင်ပြလိုက်ရပါသည်။
 တင်ပြပါဓာတ်ပုံများမှာစိတ်ကြွမူးယစ်ဆေးဝါး ဆေးပြားများ ရောင်းဝယ်ခြင်း၊ လောင်းကစားပြုလုပ်ရာ

 နေရာဖြစ်ပါသည်။

(တိုက်အိမ်အမြင့်မှာ မူးယစ်ဆေးဝါး ရောင်ဝယ်ဖောက်ကား သုံးစွဲရာနေရာဖြစ်ပါသည်)
(လုံးချင်းတိုက်မှာ .. လောင်းကစား ဖဲဝိုင်း ပြုလုပ်ရာနေရာဖြစ်ပါသည်)

No comments:

Post a Comment