Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 19, 2014

မကောင်းဆိုးဝါး ပူးကပ်နေသည်ဟုဆိုကာ ခင်ပွန်းသည်ကို ဓားဖြင့်ထိုး



RELATED TOPICS


 19 မတ်လ 2014
Written by  သည် ဟာဖင်တန်ပို့စ်

အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်ရှိ အမျိုးသမီး တစ်ဦးသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု၏ တံခါးများကို ကားဖြင့် တိုက်ခဲ့ပြီး ခန္ဓာကိုယ်တွင် မကောင်းဆိုးဝါး ဝင်ရောက် ပူး ကပ်နေသောကြောင့် ဟု ဆိုကာ ခင်ပွန်းဖြစ်သူ ရင်ညွှန့်ကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။
စတီဖနီဟမ်မန်း (၂၃) နှစ်ကို မတ် ၁၆ ရက် တနင်္ဂနွေနေ့က လူသတ်ရန် ကြိုးစားမှု၊ ဘုရားရှိခိုးကျောင်းကို အကြီးအကျယ် ပျက်စီးစေမှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု WTHL သတင်းဌာနက ပြောသည်။
ဓားဖြင့် အထိုးခံရသော ဟမ်မန်း၏ ခင်ပွန်းဖြစ်သူ စတီဗင်က အာဏာပိုင်များကို ပြောကြားရာတွင် အခင်းမဖြစ်ပွားမီ အချိန်က ဟမ်မန်းက သူ့ကို ဘုရားကျောင်းသို့ လာရောက်ရန် ဖုန်းဆက်ခေါ်ခဲ့၍ သွားရောက်ခဲ့သည် ဆိုသည်။
ဖုန်းဆက်ပြီး နောက်ပိုင်း ဟမ်းမန်းသည် ဘုရားကျောင်း၏ ရှေ့တံခါးများကို ကားဖြင့် ဝင်ရောက် တိုက် ခဲ့ကြောင်း၊ ၎င်းရောက်သွား ချိန်တွင် သူမကို ဘုရားကျောင်းရှိ ယဇ်ပလ္လင်ရှေ့တွင် လဲလျက်တွေ့ရကြောင်း ထို့နောက် ဟမ်မန်းက ခန္ဓာကိုယ်တွင် မကောင်း ဆိုးဝါး ပူးကပ်နေသည်ဟု ပြောပြီး မိမိရင်ဝကို မီးဖိုချောင်သုံး ဓားဖြင့်ထိုးခဲ့ကြောင်း စတီဗင်က ပြောသည်။
ထို့နောက် ဟမ်မန်းသည် စတီဗင်၏ ခန္ဓာကိုယ်မှ ဓားကို ပြန်လည် နှုတ်ယူ၍ သူမ နေထိုင်ရာ တိုက်ခန်းသို့ ပြန်လာခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။
ဘုရားကျောင်းတောင်ကုန်း ရဲဌာန CHPD လက်ရှိအချိန်တွင် သူမကိုဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက် ရှိသည်။ ဟမ်မန်းက စတီဗင်ကို ဓားဖြင့် ထိုးရခြင်းမှာ မိမိခင်ပွန်းသည်သည် နက်ကာ ကားပြိုင်ပွဲကို အရူးအမူး စွဲလမ်းနှစ်ခြိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ပြော သည်။

ရဲအရာရှိများက ပြောကြားရာတွင် ဟမ်မန်းက ဆေးခြောက်ရှုခြင်းကို နှစ်ခြိုက်ကြောင်း ပြောခဲ့သည်ဟု ရဲအရာရှိများက ပြော သည်။ ဟမ်မန်းကို ရဲဌာနတွင် ထိန်းသိမ်းထားပြီး ခင်ပွန်းဖြစ်သူ စတီဗင်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိဟုဆိုသည်။
Mizzima

No comments:

Post a Comment