ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေတဲ့
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ဒီနေ့ မတ်လ(၃)ရက်နေ့မှာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့
လွှတ်တော်ရုံးခန်းမှာ တွေ့ဆုံသွားပါတယ်။ သူဟာ ဒီနေ့မနက်က
သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို
ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟာ နေပြည်တော်မှာ
ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒီနေ့စတင်ပြုလုပ်တဲ့ တတိယအကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ
နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး
တက်ရောက်ဖို့အတွက် အဖွဲ့ဝင် (၇)နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်
အိန္ဒိယ၊ သီရိလကာင်္၊ဘူတန်နဲ့ နီပေါနိုင်ငံတွေက
နိုင်ငံခြားရေးဝန်ကြီးတွေအပြင် နိုင်ငံ့ခေါင်းဆောင်တွေပါ အခုလက်ရှိ
နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။Credit : DVB1







No comments:
Post a Comment