Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

Justin Bieber အတွက် အကြံပြုစကားဆိုလိုက်တဲ့ Michelle Obama


          အင်တာဗျူးအသစ်တစ်ခုမှာ မီရှဲလ်အိုဘားမားက ဂျက်စတင်ဘီဘာအတွက် အကြံတချို့ပေးသွား ပါတယ်။
ယူနိုက်တက်စတိတ်ရဲ့ First Lady ဟာ မကြာသေးခင်ကလုပ်တဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ “သင့်မှာ မကြာသေးခင် အချိန်တွေကမှ အမျိုးမျိုးသော တရားရေးတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၁၉နှစ်အရွယ် အဆိုတော် သားလေးတစ်ဦးရှိမယ်ဆိုရင် ဘယ်လိုကိုင်တွယ်မလဲ”ဆိုတဲ့ မေးခွန်းကို မေးမြန်းခံခဲ့ရပါတယ်။
သူမပြန်ဖြေခဲ့တာက “သူ့ကို ကျွန်မနဲ့နီးစပ်အောင် ဆွဲယူရပါမယ်။ သူရဲ့လက်ရှိအချိန်မှာ ဖြစ်တည်နေတဲ့ ဘ၀ထဲကို ၀င်ဖို့ကြိုးစားပါမယ်။ သူနဲ့စကားတွေပြောပြီး သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပုံဖော်ကြည့်ဖို့ ကြိုးစားမယ်။ ဘယ်သူဟာသူ့ရဲ့ဘ၀ ဖြစ်နေပြီး ဘယ်သူကတော့ သူ့ဘ၀ထဲမှာ မရှိဘူးဆိုတာတွေ သိနိုင်အောင်ကြိုးစားရမှာပေါ့” တဲ့။
အားလုံးသိတဲ့အတိုင်း ဘီဘာဟာ မကြာသေးခင်က ကားမောင်းတဲ့ပြဿနာရော သူ့အပေါင်းအပါ တွေအပါအ၀င် ဇိမ်ခံကားဒရိုင်ဘာနဲ့ဖြစ်တဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရသူတစ်ယောက် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အိုဘားမားကတော်ကို ဒီလိုမေးခွန်းမျိုး ထည့်မေးခဲ့ရတာဖြစ်ပါတယ်။
သူမက “ကျွန်မကလေးတွေမှာလည်း ဒီပြဿနာကို တွေ့ရပါတယ်။ သူတို့တွေက သင်နဲ့နီးနီးနေချင်ကြတယ်။ မိဘဆီက အကြံဥာဏ်ကို တောင်းခံလိုကြတယ်။ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာ လေးတွေမှာတောင် သင့်ကို ပါဝင်စေချင်ကြတယ်။ ဘာကြောင့်လဲဆို သူဟာအခုမှ ကလေးပဲရှိပါသေးတယ်။ ကြီးထွားနေဆဲ ကလေးတစ်ယောက်သာသာပါပဲ။ ဒါကြောင့် ဒီလိုကလေးမျိုးကို ကျွန်မနဲ့ နီးနီးမှာထားရပါလိမ့်မယ်” လို့ ထပ်ပြောသွားပါသေးတယ်။
Ref:seventeen.com
Trend Myanmar

No comments:

Post a Comment