Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ငါးနှစ်သားကလေးနှစ်ဦး ရေချိုးခန်းထဲမဖွယ်မရာလုပ်လို့ ဆရာမရာထူးမှ ရပ်ဆိုင်းခံရ


အမေရိကန်၊နယူးဂျာစီပြည်နယ်ကမူလတန်းဆရာမတစ်ယောက်ကို သူ့ တပည့်နှစ်ဦး အိမ်သာထဲမှာ လိင်ကိစ္စမဖွယ်မရာပြုလုပ်နေမှုနဲ့ ပတ်သက်ပြီး အလုပ်မှရပ်ဆိုင်းခြင်းခံလိုက်ရပါတယ်။ ကလေးငယ်နှစ်ဦးဟာ ကျောင်းကရေချိုးခန်းအိမ်သာထဲမှာ ကိုယ်လုံးတီးလေးတွေနဲ့  မဖွယ်မရာပြု လုပ်နေကြတယ်လို့ ဆိုပါတယ်။
ဆရာမကယ်လီမာဆီယိုရဲ့  ကျောင်းဆရာမလုပ်သက်က ၁၅နှစ်ရှိပါပြီ။
ရဲမှတ်တမ်းအရ ဆရာမကယ်လီဟာ ငါးနှစ်အရွယ် သူ့ တပည့်ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ဦးကို ကိုယ်လုံးတီးတွေနဲ့ ကျောင်းရေချိုးခန်းအိမ်သာထဲမှာတွေ့ ခဲ့ရတယ်လို့ ပြောပါတယ်။ကလေးတွေက
သူတို့ လူကြီးတွေလိုအိပ်နေကြတာလို့  ဆရာမကယ်လီကိုပြောတယ်လို့ လည်းသိရပါတယ်။
ကယ်လီဟာဒီဖြစ်ရပ်ကိုချက်ခြင်းပဲ ကျောင်းအုပ်ထံသတင်းပို့ ပါတယ်။
 ကျောင်းအုပ်ကရဲဌာနနဲ့ ပြည်နယ်ကလေးနဲ့ မိသားစုကူညီရေးဌာနကိုအကူအညီတောင်းပါတယ်။ ရာဇ၀တ်မှုအနေနဲ့ မသတ်မှတ်ပေမယ့်ဆရာမကိုတော့ချက်ခြင်းပဲ ရဲကဒီအမှုကိုစစ်ဆေးနေစဉ်ကာလမှာ ရာထူးကဆိုင်းငံ့ထားလိုက်ပါတယ်။

 ကျောင်းသားမိဘ၂၀၀လောက်ကဆရာမကယ်လီဟာ သူတို့ ချစ်မြတ်နိုးရတဲ့ ဆရာမဖြစ်ကြောင်းထောက်ခံပွဲပြု လုပ်ပြီး ကိုပြသခဲ့ကြပါတယ်။
ဆရာမကယ်လီက သူ့ ရဲ ဖေ့စ်ဘွတ်မှာ
" ကျမရဲ့ တပည့်တွေကိုကျမကလေးတွေလို့ ခေါ်ဝေါ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့သူတို့ ဟာကျောင်းခန်းထဲကကလေးတွေသက်သက် မဟုတ်ပဲသူတို့ ဟာကျမနှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ ပါပဲ " လို့ ရေးသားထားပါတယ်။
the melting pot 4 U
ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်။
Source

No comments:

Post a Comment