Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ခံစားမှုပိုကောင်းစေမယ့် ၂၁ရာစု လျှပ်စစ်သုံး ကွန်ဒုံး



ကွန်ဒုံးရဲ့ ကျန်းမာရေး အထောက်အကူပြုချက်တွေ အများကြီးရှိပေမဲ့ ချစ်တင်းနှောစဉ် သာယာမှုလျော့တယ် ဆိုတဲ့အချက်နဲ့ ကွန်ဒုံးကို ဝေဖန်ပြစ်တင်ကြလေ့ရှိပါတယ်။

ဒီအချက်ကြောင့် ကွန်ဒုံးအလွှာအောက် လျှပ်စစ် ခုန်နှုန်းတိုတွေ ထုတ်လွှတ်ပေးမယ့် ဒီဂျစ်တယ်လ် ရှေ့ပြေးစက်ပုံစံတစ်ခုကို ပါရဂူဘွဲ့ယူကျောင်းသား နှစ်ယောက်က တီထွင်ဖန်တီးခဲ့ပါတယ်။

ချစ်တင်းနှောစဉ် ခံစားမှုပမာဏနဲ့ အတိုင်းအတာကို တိုးစေမှာဖြစ်ပြီး တခြား ၀တ်ဆင်ရ နည်းပညာစက် (wearable device) တွေ၊ အာရုံခံကိရိယာတွေနဲ့ တွဲသုံးရမှာပါ။

ခံစားမှုအတိုင်းအတာ လျှော့ချလေ့ရှိတဲ့ ကွန်ဒုံးကို အမျိုးသားတွေ သုံးဖြစ်ဖို့ တိုက်တွန်းရာ တိုက်တွန်းကြောင်း ဒီဇိုင်းရေးဆွဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ရှေ့ပြေးပုံစံအရ နူးညံ့တဲ့ အ၀တ်စပေါ်မှာ လှုံ့ဆော်ပေးဖို့ လျှပ်ခေါင်းတွေ တပ်ထားပါတယ်။ အာရုံခံကိရိယာ တချို့နဲ့ ဆက်သွယ်နိုင်တဲ့ microcontroller နဲ့ထိန်းချုပ်ထားတာပါ။

ဒီ လျှပ်စစ်သုံး ကွန်ဒုံးကိုပေးထားတဲ့ ဓာတ်အားပမာဏဟာ အရမ်းနည်းပါတယ်လို့ တီထွင်သူတွေက ဆိုထားပါတယ်။

ဗီဒီယိုဖိုင်ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။


Ref:dailymail.co.uk
Trend Myanmar

No comments:

Post a Comment