မကြာခဏကြားဖူးနေကြ "လုပ်ပေါ့။ရှင်တို့ ကရဲတွေပဲ " ဆိုတဲ့စကားလေး ဟာ မြန်မာပြည် ကရဲတွေနဲ့ တင်သက် ဆိုင်တာမဟုတ်ပဲ အမေရိကန်က ရဲတွေအတွက်ပါအကျုံးဝင် တဲ့စကားလေးဖြစ်တယ်ဆိုတာ ဒီဗီဒီယိုကိုကြည့်ပြီး လက်ခံကြလိမ့်မယ်လို့ ထင်ပါတယ်။
အုတ်ကလာဟိုးမားက လူးဝစ်ဆိုတဲ့လူတစ်ယောက်ဟာ ရဲငါးယောက်ရဲ့ ဝိုင်းဝန်းဖမ်း ချုပ် ခြင်း ကိုခံရပြီးတဲ့နောက် ဆေးရုံပို့ လိုက်ရပြီး ကွယ်လွန်သွားခဲ့ပါတယ်။
ရဲ ငါးယောက်က အားနဲ့ ဖိပြီးဝိုင်းဝန်းဖမ်းချုပ်နေကြပုံကို လူးဝစ်ရဲ့ ဇနီးနိုင်ရာက သူ့ ရဲ့ ဖုန်းနဲ့  ဗီဒီယိုမှတ်တမ်းရိုက်ယူထားခဲ့ပါတယ်။
မြေကြီးပေါ်မှာ မလှုပ်နိုင်တော့တဲ့ လူတစ်ယောက်ကို လိုအပ်တာထက်အင်အားသုံးပြီးဝိုင်း ၀န်းဖမ်းချုပ်နေ တဲ့ မြင်ကွင်းကတော့စိတ်မသက်သာစရာပါပဲ။
သူတို့ ဒီလိုဖမ်းချုပ်ရတဲ့အကြောင်းရင်းက လူးဝစ်က မှတ်ပုံတင်တောင်းတာကို မပြလို့  ဖမ်းချုပ်ရခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းမချုပ်ခင်မှာလည်း ငရုတ်ကောင်းရည်နဲ့ ပက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ညမှာ လူးဝစ်တို့ မိသားစု ရုပ်ရှင်သွားကြည့်ကြပါတယ်။ ရုပ်ရှင်ကအပြန်မှာ သားအမိစကားများပြီး မိခင်ဖြစ်သူက သမီးကိုပါးရိုက်လိုက်ပါတယ်။အဲဒီမှာ လူးဝစ်က သူ့ ဇနီးကို ထိန်းဖို့ ကြိုးစားရာက ရုတ်ရုတ်သဲသဲဖြစ်၊ ရဲ များရောက်လာပြီး လူးဝစ်ကို ဖမ်းချုပ်ကြတော့တာဖြစ်ပါတယ်။

လူးဝစ်တို့ ဇနီးမောင်နှံ။
သူတို့ ရဲ့ မိသားစုရှေ့ နေက "လူးဝစ်ဟာသူ့ မိသားစုနဲ့ ဘုရားကျောင်း မှာ ငြိမ်းငြိမ်းချမ်းချမ်း နေ သူအဖြစ်အများကသိကြပါတယ်။ လူးဝစ်ဟာဘာရာဇ၀တ်မှုမှမကျူးလွန်ခဲ့ဘူး။သေနတ်ကိုင်မထားဘူး။
ဓားကိုင်မထားဘူး။ ဘာလက်နက်မှ ကိုင်ဆောင်မထားဘူး။ ဒါပေမယ့် အဲဒီညမှာ သူသေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
စတီလင်ဆိုတဲ့ရဲအရာရှိချုပ်ကတော့ ဒီဗီဒီယိုထဲမှာ ရဲတွေမလျော်မကန်လုပ်တာ ဘာတစ်တခုမှ သူမမြင်မိပါဘူးတဲ့။

ရှေ့ နေမိုက်ကယ်ဘရုခ်စကားပြောနေချိန်မစ္စနိုင်ရာငိုနေခဲ့တယ်။
ရုပ်ရှင်ရုံကအပြန်သားအမိနှစ်ယောက်စကားများရန်ဖြစ်ရာက အဖေဖြစ်သူလူးဝစ်က ကားရပ်တဲ့နေရာ ကိုသူ့ မိန်းမနောက်အပြေးလိုက်ပြီး သူ့ မိန်းမကိုထိန်းဖို့ ကြိုးစားပါတယ်။
ရဲတွေဖမ်းချုပ်အပြီးမှာ လူးဝစ်ကမလှုပ်နိုင်တော့ပါဘူး။

သူတို့ မိသားစုသွားကြည့်ခဲ့တဲ့ရုပ်ရှင်ရုံ။
"ကျမသမီးကိုကျမပါးရိုက်လိုက်တယ်။ သူ ကကျမကိုထိန်းဖို့ ကြိုးစား တယ်ဆိုတဲ့အကြောင်း ကျမရဲတွေကိုပြောပြပါတယ်။ ဒါပေမယ့်ပါးရိုက်လိုက်တဲ့ကျမကို မဖမ်းပဲဘာကြောင့်သူ့ ကိုဖမ်းရသလဲ "လို့  ရဲ တွေကိုကျမမေးပါတယ်။


ရန်ဖြစ်တာ ဒီသားအမိ။သေသွားရတာက အဖေဖြစ်သူ။
သူ့ ယောက်ျားဟာဆေးရုံမှာကွယ်လွန်ခဲ့တယ်ဆိုတဲ့ရဲဌာနရဲ့ ထုတ်ပြန်ချက်ကို သူကစိန်ခေါ်ပါတယ်။ သူ့ ယောက်ျားဟာ ဦးခေါင်းကိုဆောင့်မိတဲ့အချိန်မှာကွယ် လွန်ခဲ့ခြင်းဖြစ် တယ် လို့ အခိုင်အမာပြောပါတယ်။
"သူတို့ ကျမယောက်ျားအသက်ကိုနုတ်ယူသွားကြတယ်။
တရားမျှတမှုအတွက်ကျမ အော်ဟစ်တောင်းဆိုတယ်" လို့ နိုင်ရာကပြောပါတယ်။
the melting pot 4 U

No comments:
Post a Comment