Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

အိန္ဒိယက ပြည်တွင်းလုပ် နျူကလီးယား ရေငုပ်သင်္ဘောနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး၂ဝ၁၅ ခုနှစ်တွင် အသုံးပြုနိုင်ရေး ဆောင်ရွက်


Wednesday, February 12, 2014

အိန္ဒိယနိုင်ငံသည် ပြည်တွင်းလုပ် နျူကလီးယား ရေငုပ်သင်္ဘောနှင့် နိုင်ငံ၏ ပထမ ဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအား ၂ဝ၁၅ ခုနှစ်တွင် စတင် အသုံးပြုနိုင်ရေး ဆောင်ရွက်လျက် ရှိသည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ကီလိုမီတာ ၅ဝဝဝ(၃၁ဝ၇ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်သော Agni V အမျိုး အစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးနှင့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ တပ်ဆင်ထားသော INS Arihant နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို လာမည့်နှစ်တွင် အသုံးပြုနိုင်တော့မည်ဟု အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) အကြီးအကဲ အဗီ နက်ရှ်ချန်ဒါက ပြောကြားခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘောအား နျူကလီးယား စွမ်းအင်သုံး စက်အစိတ်အပိုင်းများ တပ်ဆင်နေပြီး မကြာမီ ပင်လယ်တွင်း စမ်းသပ် မောင်းနှင်တော့ မည် ဖြစ်ကြောင်း၊ ၎င်းတွင် တပ်ဆင်မည့် နျူကလီးယား ထိပ်ဖူးတပ် K-15 ဒုံးကျည်များကိုလည်း ယခုနှစ်အတွင်း ရေငုပ် သင်္ဘောမှ ပစ်လွှတ် စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် Agni V တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများကို ယခုနှစ်ကုန်တွင် စမ်းသပ် ပစ်ခတ်သွားမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ကုန်ခန့်တွင် ကောင်းစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ပြပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

RFA

No comments:

Post a Comment