Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

လင်မယားချင်းစကားများစဉ် ဇနီးဖြစ်သူကိုဓါးဖြင့်ထိုး၍ သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

၆.၂.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်နေ ဆယ်အိမ်မှူး ဦးထွန်းလှသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရှိနေစဉ် (၂၀)ရပ်ကွက်၊ ရွှေတလေးလမ်းနေ စိုးနိုင်(ဘ)ဦးလှကြိုင်နှင့် ၎င်း၏ဇနီးမစိုးခိုင်တို့သည် မိသားစုကိစ္စဖြင့် စကားများရန်ဖြစ်စဉ် စိုးနိုင်မှ အရိုးအသွား ၈လက်မခန့်ရှိ ဓါးဖြင့်ထိုးခဲ့၍ မစိုးခိုင်တွင် ၀မ်းဗိုက်၌ဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး စိုးနိုင်မှာ ထွက်ပြေးသွားကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုသို့သွားရောက်ကြည့်ရှုရာ မစိုးခိုင်မှာ နေအိမ်ပေါ်၌ ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် လဲကျနေသည်ကိုတွေ့ရ၍ အင်းစိန်ဆေးရုံ သို့ပို့အပ်ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်ကုသနေရသောကြောင့် စိုးနိုင်အား အရေးယူပေးပါရန် ဦးထွန်းလှမှ တရားလိုပြုလုပ်တိုင်တန်း ခဲသဖြင့် သောင်ကြီးနယ်မြေရဲစခန်း (ပ)၈၂/၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော မစိုးခိုင်မှာ ယင်းနေ့ ၁၄၄၀ အချိန်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားသောကြောင့် ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

No comments:

Post a Comment