Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

“ဘယ်လို ဦးချမလဲ”


Thursday, February 20, 2014

ဦးချတဲ့အခါ ဦးမချမီ ရှေးဦးစွာ လက်အုပ်ချီပါ။ လပ်အုပ်ချီပြန်လည်း လက်
ချောင်းလေးများ အားလုံးကိုစုစည်း၍ ကြာဖူးကြာငုံလေးလို ထားရပါမယ်။
အဲဒီနောက်မှ လက်အုပ်ကို နဖူးပေါ်တင် လက်မနှစ်ချောင်းကို မျက်ခုံးနှစ်ခု
အလယ် လက်ညှိုးနှစ်ချောင်းကို ဆံစလောက်မှာထားပြီး မြှောက်ချီထားပါ။
မြှောက်ချီထားပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ဂုဏ်တော်တွေကို အာရုံပြု၍
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိလို့ စိတ်နဲ့ရွတ်၍ တဖြည်းဖြည်း အထက်ပိုင်း ခန္ဓာကိုယ်
ကို အောက်ကျမ်းခင်းပေါ် ချရပါတယ်။ ဒီအခိုက်မှာတော့ ရွေ့လျားမှုကိုသာ
ရှုသိပါ။ ဦးချတဲ့အခါ . . .

(၁) ခြေနှစ်ဖက်

(၂) လက်နှစ်ဖက်

(၃) နဖူး

(၄) တံတောင်နှစ်ဖက်

(၅) ဒူးနှစ်ဖက်ဆိုတဲ့ ဤငါးပါးလုံးကို အခင်းပေါ်မှာ ထိစေလျက် ဦးချရပါ
တယ်။ ဒုတိယအကြိမ် တရားတော်ရဲ့ဂုဏ်တော်ကို အာရုံပြု၍ ဓမ္မံ သရဏံ
ဂစ္ဆာမိ၊ တတိယအကြိမ် သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ သံဃံ သရဏံ ဂစ္ဆာမိ
လို့ စိတ်နဲ့ရွတ်၍ ဦးချပါ။ ခုပြောခဲ့တဲ့ ဦးချရန်ပြုမူမှုအားလုံးနဲ့ ဦးချမှုကိုပါ ရှုမှတ်
လျက် ပြုလုပ်ရပါမယ်။

ဒါကြောင့် ယောဂီတို့ မှတ်သားလွယ်အောင် လင်္ကာလေးများ လိုက်ဆိုကြ
ပါ . . .

(၁) လက်အုပ်ကိုပင် ကြာငုံသွင် အလျင်ပြုလိုက်ပါ။

(၂) မျက်ခုံးလက်မ ဆံစလယ်ညှိုး ထိခါမိုး ချီမိုးပြုပြင်ပါ။

(၃) ခြေလက် နဖူး တံတောင်ဒူး တည်ဦးငါးအင်္ဂါ။

(၄) ဦးချသောအခါ ဤငါးဖြာ ထိကာဦးချပါ။

ချမ်းမြေ့အရှင်ဣန္ဒက
Buddhavasa Tiloka

No comments:

Post a Comment