Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

တရုတ်နိုင်ငံမှ ငါးရှဥ့်ဝယ်ယူမှု များလာ၍ ဈေးကွက်ကောင်းမွန်သော်လည်း မှာယူသည့်တန်ချိန် ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိ


Tuesday, February 11, 2014

တရုတ်နိုင်ငံမှ ငါးရှည့်ဝယ်ယူမှု များပြား၍ ပြည်တွင်းငါးရှဥ့်ဈေးကွက် ကောင်းမွန်သော်လည်း မှာယူသည့်တန်ချိန် ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေကြောင်း ငါးရှဥ့်ဒိုင်များထံမှ သိရှိရသည်။

တရုတ်နိုင်ငံသို့ ငါးရှဥ့်တင်ပို့ရာတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသထွက် ငါးရှဥ့်များနှင့် မန္တလေး အနီးဝန်းကျင်မှ ထွက်ရှိသော ငါးရှဥ့်များ တင်ပို့လေ့ရှိရာ ယခုအခါ တရုတ်နိုင်ငံမှ ဝယ်ယူမှုများပြားချိန်တွင် ပြည်တွင်းငါးရှဥ့် ဈေးကွက်၌ ငါးရှဥ့်ထွက်ရှိမှု နည်းပါးနေ၍ လိုအပ်သည့် တန်ချိန်အား ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။

“တရုတ်က ဝယ်လိုအား ကောင်းလာတော့ ငါးရှည့်ဈေးက အရင်နှစ်ကထက် ဈေးပိုရတယ်။ ဒါပေမဲ့ အခုချိန်မှာ မန္တလေး အနီးဝန်းကျင် ဒေသတွေမှာက ငါးရှဥ့်ထွက်ရှိမှု မရှိသေးတဲ့အတွက် မြန်မာနိုင်ငံ အောက်ပိုင်းဒေသက တင်ပို့လာတဲ့ ငါးရှည့်တွေကိုပဲ တင်ပို့ပေးနေရတာ။ တရုတ်ပြည်က အမှာအတိုင်း တင်ပို့နိုင်မှု မရှိတဲ့အချိန် ဈေးကွက်ထဲမှာ ရှိနေတာကိုပဲ ဈေးပိုပေးတဲ့ သဘောပါ။ ပုံမှန်ဆိုရင်တော့ မန္တလေး အနီးဝန်းကျင်နဲ့ အထက်ပိုင်း ဒေသတွေကထွက်တဲ့ ငါးရှဥ့်က လတ်ဆတ်မှုရှိတော့ ဈေးကွက်ပိုကောင်းတယ်”ဟု မန္တလေးမှ တရုတ်ပြည်သို့ တင်ပို့နေသော ငါးရှဥ့်ကုန်သည် ဦးစောကြီးက ပြောကြားသည်။

၂ဝ၁၃ခုနှစ် ဒီဇင်ဘာတွင် ငါးရှဥ့်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉ဝ၄ ရှိခဲ့ပြီး တရုတ်ပြည်မှ ယခုကဲ့သို့ ငါးရှဥ့်ဝယ်ယူမှု များပြားချိန်၌ ငါးရှဥ့်တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ဝ၃ဝ ဈေးဖြင့် ဝယ်ယူလျက်ရှိရာ ယခင်ထက် အမေရိကန်ဒေါ်လာ ၁ဝဝ ကျော် မြင့်တက်လာကြောင်း သိရသည်။

တရုတ်ပြည်သို့ ငါးရှဥ့်တင်ပို့ရာတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသထွက် ငါးရှဥ့်များနှင့် မန္တလေးအနီးဝန်းကျင် ဒေသမှထွက်ရှိသော ငါးရှဥ့်များကို ပုလိပ်မြို့နှင့် အောင်ပင်လယ်မြို့နယ်တို့၌ ပွဲရုံများထားရှိကာ မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှတစ်ဆင့် တင်ပို့ပေးရကြောင်း၊ မန္တလေးဒေသမှ ငါးရှဥ့်ထွက်ရှိမှု များပြားချိန်၌ တရုတ်ပြည်သို့ တစ်ရက်လျှင် ၁ဝ တန်နီးပါး တင်ပို့ပေးရလေ့ရှိပြီး ထွက်ရှိမှုနည်းပါးချိန်၌ တစ်ရက်လျှင် တစ်တန်ကျော်သာ တင်ပို့နိုင်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ငါးရှဥ့်ဒိုင်တစ်ခုက တရုတ်ပြည်သို့ တင်ပို့မည့် ငါးရှဥ့်များအား ရေလှယ်သန့်စင် နေသည်ကို မြင်တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment