Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

သားဦး သားနှောင်း

" ဒီလိုပါ ဆရာမရယ် ...၊ သမီးက မကြာ ခင် အိမ်ထောင် ပြုတော့ မှာပါ ...၊
သူနဲ့သမီး ချစ်သူ တွေဖြစ်ခဲ့ကြတာလည်း နှစ်နှစ်ကျော်ခဲ့ပါပြီ ...၊ နှစ်ဖက်မိဘတွေကိုလည်း အသိပေးပြီးခဲ့ကြပါပြီ ..၊ အခုကျမှ ဟိုဆွေမျိုးကတစ်မျိုး၊ ဒီဆွေမျိုးကတစ်မျိုး နဲ့ အခက်အခဲတွေ ကြုံလာရလို့ပါ ..."
 " ဒီလိုပါဆရာမရယ် ...၊ သူက သူတို့ညီ အစ်ကိုမောင်နှမတွေထဲမှာ အကြီးဆုံးသား၊ သမီးက တော့ မိသားစုထဲမှာ အငယ်ဆုံးသမီး ဖြစ်နေတယ်၊ အဲဒါကို သိသွားကြတော့ သားဦးသားနှောင်း မယူ ကောင်းဘူးတဲ့ ...၊ အိမ်ထောင် မမြဲဘဲ ကွဲတတ် သတဲ့ ဆိုပြီး အခုကတည်းက လမ်းခွဲလိုက်ကြဖို့ တိုက်တွန်းတဲ့သူတွေက တိုက်တွန်းနေကြတော့ မိဘ တွေလည်း ဆုံးဖြတ်ရခက်နေကြတယ် ..."
 " အဲဒါ ဆရာမတို့ရဲ့ ဂမ္ဘီရနည်းတွေမှာ သား ဦးနဲ့သားနှောင်း အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင် ရေးအဆင်ပြေချောမွေ့အောင်၊ မပြိုကွဲအောင် နည်း ကောင်းလမ်းကောင်းလေးတွေများ ရှိမလားလို့ လာခဲ့ ကြတာပါဆရာမ ..." ကျွန်မထံသို့ဗေဒင်လာမေးသောမိန်းကလေး နှစ်ဦးအနက် ဖြူဖြူသွယ်သွယ်မိန်းကလေးက အ ထက်ပါအတိုင်း ပြောဆိုရင်ဖွင့်လာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မက -
 " ဟုတ်ပါပြီ သမီးရယ် ..၊ အနာသိရင် ဆေး လည်း ရှိရမှာပေါ့ ...၊ သမီးတို့ရဲ့ မင်္ဂ္လာဆောင်မှာ တစ်ဦးဦးက သနပ်ခါးသွေးတဲ့ ကျောက်ပျဉ် တစ်ချပ် လက်ဖွဲ့လိုက်မယ် ဆိုရင် သမီးတို့မှာ အိမ်ထောင်ရေး တည်တံ့ခိုင်မြဲစေတဲ့ ဓာတ် ရသွားပြီး ဘယ်သူခွဲခွဲ မကွဲနိုင်တော့ပါဘူး ..." ဟု ပြောလိုက်ရာ အဖော် ပါလာသော မိန်းကလေးက -
" ဒါဆို သူတို့မင်္ဂ္လာဆောင်မှာ သမီးက ကျောက်ပျဉ်ကြီးကြီး တစ်ချပ် လက်ဖွဲ့လိုက်မှာပေါ့ ဆရာမရယ် ..." ဟု ပြောလိုက်သံနှင့်အတူ အထက် က မင်္ဂ္လာဆောင် တော့မည့် မိန်းကလေး၏မျက်နှာ မှာလည်း ပီတိပန်းများနှင့် အတူ လန်းဖြာသွားပါလေ တော့သည်။
မေရီချို

No comments:

Post a Comment