Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

၁၂ နှစ်နှင့် ၁၆ နှစ် အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်းဖြစ်ပွား

အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပထမတစ်မှုမှာ ဒလမြို့နယ်တွင် ၁၂ နှစ်အရွယ် ကလေးငယ်အား ပထွေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မတာမဟုတ်သော နည်းလမ်းများဖြင့်ပါ အဓမ္မပြု ကျင့်ခံထားရသည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုတိုင်တန်းထားသည်။

ဖြစ်စဉ်တွင် မိခင်ဖြစ်သူ ကလေးမီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွား ရောက်နေစဉ် မွန်းလွဲ ၂ နာရီတွင် နေအိမ်တွင် အိပ်နေသည့် ၁၂ အမျိုးသမီးငယ်ကို ပထွေးဖြစ်သူ အောင်လင်းထွန်း(ခ)အိစွပ် (၃၃)နှစ်က ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့်ပါ သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းကဲ့သို့ပင် ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့် သားမယားပြုကျင့်ခဲ့သည့်အပြင် မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုတိုင်တန်းထားသည်။

ထို့ကြောင့် အောင်လင်းထွန်းကို အရေးယူပေးရန် အဒေါ်ဖြစ်သူက ဖေဖော်ဝါရီ ၁၆ တွင်အမှုဖွင့် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒလမြို့နယ်ရဲစခန်း က (ပ) ၇၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ်၊ ဖောင်ကြီး မော့လော့ရေကန်အနီးရှိ ကျောက်ဂူတောအတွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ကျောက်ဂူတောအတွင်း တဲထိုးပြီး မိသားစုနှင့်အတူနေထိုင်နေသည့် အသက် (၁၆)နှစ်အရွယ် မိန်းကလေးမှာ မိသားစုဝင်များ တောထဲသို့ ၀ါးခုတ်သွားစဉ် တဲအရှေ့ဘက် ကိုက် ၁၀၀ခန့်အကွာရှိ ချုံထဲသို့ အပေါ့ သွားနေခဲ့သည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အစ်မ၀မ်းကွဲ၏ ခင်ပွန်းတော်စပ်သူ ကျော်လွင်ဦး(ခ)ချက်ဖောင်း (၂၆)နှစ် ရောက်ရှိလာပြီး ပါးစပ်ပိတ်တွန်းလှဲပြီး ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည် ဟု တိုင်တန်းထားသည်။

ထို့ကြောင့် ကျော်လွင်ဦး(ခ)ချက်ဖောင်းအား အရေးယူပေးရန် ဖေဖော်ဝါရီ ၁၆ တွင် အမှုဖွင့်တိုင်တန်း လိုက်သဖြင့် တိုက်ကြီးရဲစခန်းက (ပ)၅၈/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment