CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, February 20, 2014
ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“မနှစ်က နှစ်ကုန်ပိုင်းမှာ ကောင်မလေး မိဘတွေက အရွယ် မရောက်သေးသူကို ခိုးယူ ပေါင်းသင်းမှုနဲ့ တိုင်ချက်ဖွင့်ပြီး တရားရုံးမှာ အမှု ရင်ဆိုင်နေတုန်းမှာ ထပ်ဖြစ်တာပါ။ သူတို့နှစ်ဦး ပေါင်းသင်းခဲ့တဲ့ မဖွယ်မရာ ပုံတွေ အင်တာနက်မှာ ထပ်တင်နေတာကြောင့် ကောင်မလေးရဲ့မိသားစုက စခန်းမှာ အမှု ထပ်ဖွင့်တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းကဲ့သို့ ညစ်ညမ်းသည့် မဖွယ်မရာ ပုံများကို အင်တာနက်တွင် ဖော်ပြခဲ့သောကြောင့် အမျိုးသမီး မိသားစု အသိုင်းအဝိုင်း၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် မီဒီယာနည်းဖြင့် ကျူးလွန်သည်ဟု ဆိုကာ အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသားကို တာမွေမြို့မ ရဲစခန်းမှ (ပ) ၉၁/ ၁၄၊ ပုဒ်မ ၂၉၂ (ဂ) ဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
လူမှုကွန်ရက် တစ်ခုဖြစ်သော ဖေ့ဘုတ် စာမျက်နှာပေါ်တွင် အမျိုးသမီးငယ်များ ချစ်သူနှင့် ဆုံစည်းချိန် ရိုက်ကူးခံခဲ့ရသော မဖွယ်မရာ ဓာတ်ပုံများ ဖော်ပြထားသည်ကို မကြာခဏ တွေ့ရှိနေရကြောင်း အင်တာနက် အသုံးပြုနေသော လူငယ်များထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 20, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment