Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ဘန်ကောက် ဗုံးကွဲ၊ မိခင်ဖြစ်သူနှင့် ကလေးငယ် ၂ ဦး သေဆုံး


Monday, February 24, 2014

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူမမယ်အရွယ် မောင်နှမ ၂ ယောက်နဲ့ မိခင် သေဆုံးခဲ့ပြီး ပဋိပက္ခကလည်း အဆုံးသတ်မယ့် လက္ခဏာ မရှိသေးပါဘူး။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီး လူစည်ကားတဲ့ဈေးမှာ ဗုံးပေါက်ခဲ့ပြီး ၄ နှစ်အရွယ် မောင်ငယ်၊ ၆ နှစ်အရွယ် အစ်မနဲ့ ၅၉ နှစ်အရွယ် မိခင်တို့ သေဆုံးခဲ့ တယ်လို့ မီဒီယာတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အစီရင်ခံပါတယ်။ အနည်းဆုံး ၂၂ ယောက်လည်း ဒဏ်ရာရ သွားပါတယ်။

ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာ ရထားတဲ့ ၉ နှစ်အရွယ် ကောင်လေးတယောက်ကိုလည်း အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ စေတနာဝန်ထမ်း သူနာပြုတယောက်က ဓာတ်ပုံနဲ့တကွ ပြပါတယ်။

လောလောဆယ် ဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ရင် အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေနဲ့ အစိုးရ ထောက်ခံတဲ့ ဆန္ဒပြသမားတွေက အပြန်အလှန် အပြစ်ဖို့လေ့ ရှိပါတယ်။

အခြေအနေတွေ ရှုပ်ထွေးအောင် တတိယအုပ်စုတစုရဲ့ လက်ချက်လို့လည်း ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့တွေက အပြစ်ဖို့လေ့ ရှိပါတယ်။

၃ လကြာ နိုင်ငံရေးအကျပ်အတည်းအတွင်း အမည်မသိသူတွေရဲ့ ချောင်းမြောင်း ပစ်ခတ်မှုနဲ့ အဓိကရုဏ်းအတွင်း သေဆုံးသူ ၂၀ ၀န်းကျင် ရှိသွားပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ ထားပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ၀န်ကြီးချုပ် ယင်းလပ်က သူရဲ့ လူမှုကွန်ရက် ဖေ့ဘွခ်စာမျက်နှာမှာ ရှုတ်ချထားပါတယ်။

DVB

No comments:

Post a Comment