Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

မြန်မာနိုင်ငံမှ ဂန္ထဝင်ဇာတ်လမ်း တစ်ပုဒ်၏ မြေး အေးနေဝင်းနှင့် အမေးအဖြေ

ရန်ကုန်။     ။ မြန်မာသမ္မတ ဦးသိန်း စိန်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် အ ကျဉ်းသား ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့ရာ ထိုသူတို့ထဲမှ အများ စိတ်ဝင်စားမှု အခံ ရဆုံး လွတ် သူနှစ်ဦး ပါခဲ့သည်။ သူတို့ နှစ်ဦးသည် သူတို့ ကို ထောင်ဒဏ်ချ မှတ်ခဲ့သော ပြီးခဲ့သည့် စစ်အစိုးရ အပေါ် အဓိကကျသော ခြိမ်းခြောက်မှုကို မပြု နိုင်ခဲ့သည့် တိုင်အောင် သူတို့ အမည်များ တွင် မြန်မာနိုင်ငံရှိ ဝိဝါဒ သဘောထား ကွဲပြားဖွယ်ရာ ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အမည်ပါ နေသောကြောင့် စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ သည်ဟု ဆိုရပေ မည်။

ကျော်နေဝင်းနှင့် သူ၏ အစ်ကို အေးနေဝင်း တို့သည် ၁၉၆၂ ခုနှစ်တွင် ထိုစဉ်က ဘားမားဟု ခေါ်တွင်သော မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းခြင်းဖြင့် ၂၆ နှစ်ကြာ တစ်သီး တစ်သန့် မူဝါဒချ မှတ်ကာ အုပ်ချုပ် သွားခဲ့သော တိုင်း ပြည်၏ ဗွေဆော်ဦး အာဏာရှင် ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ လာမည့် ဆယ်စုနှစ် များတိုင်အောင် စစ်အုပ်ချုပ်ရေး အတွက် လမ်းဖောက် ပေးသွားခဲ့သူ၊ ဒေသတွင်း နိုင်ငံများ အနက် မြန်မာနိုင်ငံကို အဆင်း ရဲဆုံး တိုင်းပြည်တစ်ခု အဖြစ် ကျရောက် စေခဲ့သော မူဝါဒများ ချမှတ်ခဲ့သူ အဖြစ်ပါ စွပ်စွဲခံရဖူးသော သံမဏိ လက်သီးပိုင်ရှင် ဦးနေဝင်း ၏ မြေးနှစ်ဦး ဖြစ်တော့သည်။

၂ဝဝ၂ ခုနှစ်တွင် ဦးနေဝင်း၏ ထို မြေးများသည် ထိုစဉ်က အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချ ဖယ်ရှားရန် ကြံစည် မှုဖြင့် သေ ဒဏ်ချ မှတ်ခံခဲ့ရသည်။ ထောင်ထဲတွင် ၁၁ နှစ် ကျော်နေ ပြီးနောက် သူတို့၏ ဖခင်နှင့် ညီအငယ်ဆုံး တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သူတို့ထက် အရင် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

ဦးနေဝင်း ကိုယ်တိုင်ကိုလည်း ၂ဝဝ၂ ခုနှစ် မတ်လတွင် အထက်ပါ နိုင် ငံတော် ပုန်ကန်မှုနှင့် ပတ်သက်၍ အပြစ်မကင်း ကြောင်း တွေ့ ရှိသဖြင့် နေအိမ် အကျယ် ချုပ် ချမှတ်ခဲ့သည်။ နောက် ၉ လအကြာ တွင် ဦးနေဝင်း ကွယ်လွန်သွားသောအခါ အများပြည်သူ သိခွင့်မရ ခဲ့ပေ။ နိုင်ငံတော် ဈာပန အခမ်းအနားနှင့် သတင်းကြေ ညာချက် များ ထုတ်ပြန်ရန်လည်း ပျက် ကွက်ခဲ့ကြသည်။

အကျဉ်းကျ ခံခဲ့ရစဉ်က အသက် ၂၆ နှစ်သာ ရှိသေးသော အေးနေဝင်း သည် ယနေ့ အချိန်အခါတွင်မူ အင်းစိန် အကျဉ်းထောင်၏ သံတိုင်များ ကြားမှ လွတ်မြောက် လာပြီ ဖြစ်ပြီး ရန်ကုန်တွင် ပြင်ပလောကနှင့် သဟဇာ တ ဖြစ်အောင် နေထိုင် လေ့လာနေသည်။ သူ ထောင်က လွတ်ပြီး နှစ်လ ခွဲခန့် အကြာတွင် ဝေါစတြိ ဂျာနယ်မှ အရာရှိ ရှိဘာနီး မတားနီးနှင့် တွေ့ဆုံ ကာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်၊ ထောင်တွင်း အတွေ့ အကြုံနှင့် သူတို့ မိသားစု၏ သမိုင်းမော် ကွန်းတို့နှင့် ပတ်သက်၍ သူ၏ အမြင်များ ကို ထုတ်ဖော် ပြောကြားခဲ့သည်တို့မှ ကောက်နုတ် တင်ဆက်လိုက်ပါသည်။

►မေး။  ။ အပြောင်းအလဲတွေကို တွေ့လာ ရတော့ အံသြလားရှင့်။

♦ ဖြေ။  ။ ကျွန်တော်ကတော့ အခုထက် ပြောင်းလဲမနေတာကို အံ့သြတာဗျ။ အ တော်များများ အရင်အတိုင်းတွေ့နေရ တုန်းပဲ။ အထူးသဖြင့် နိုင်ငံရေး မိုးလေ ဝသလေ။

ကျွန်တော့်ကို နိုင်ငံတော် ပုန်ကန် မှုနှင့် စွပ်စွဲထောင်ချခဲ့တာ ဆိုတော့ ဘာ ပဲပြောပြော နိုင်ငံရေး အခြေအနေကို တော့ ပို သတိထားမိတာပေါ့။ ဟုတ်ပါ တယ်။ ပြောင်းလဲ မှုတွေ အများ အပြား ရှိခဲ့ပါတယ်။ အချို့ ဆိုရင် မျှော်လင့် ချက် ကောင်းတွေကို ပေးနေပြီ၊ အားရကျေ နပ်စရာ အကောင် အထည်ဖော်နိုင်နေ ပြီ။ ခက်တာက စိုးရိမ် စရာတွေ ကိုလည်း ကျွန်တော်တွေ့နေရတယ်ဗျာ။

နောင်နှစ်ဆိုရင် ကျွန်တော် တို့ဆီမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ကျင်းပကြတော့မယ်။ အဲ့ဒီ့ အခါကျရင် ပါတီတွေ၊ ခေါင်းဆောင်တွေက တစ် ဖက်နှင့် တစ်ဖက် ဝေဖန် တိုက်ခိုက် တာ တွေ မလုပ်မဖြစ် လုပ်ရတော့မှာပေါ့ဗျာ။ ဒါကိုပဲ အောက် လက်ငယ် သားတွေ၊ လူထု ပရိသတ်တွေက သူတို့လေးစား ယုံ ကြည်ရာ ကို စော်ကားတယ် လို့မြင်ပြီး မကျေမနပ် ဖြစ်လာနိုင်တယ်။ ကျွန်တော် တို့ဆီမှာ အခုလို တစ်တစ် ခွခွဝေဖန်တာ ကို ကျင့်သား မရသေးတာကြောင့် လူထု ပရိသတ်တွေ ထဲမှာ ခံစားချက်တွေ ပေါက် ကွဲပြီး ရုန်းရင်းဆန်ခတ်၊ ဆူဆူပူပူ ဖြစ်မှာ စိုးရိမ်မိတယ်။ အဲလိုစိုးရိမ်ရတာ နိုင်ငံ ရေးခေါင်းဆောင်တွေ လိုအပ်ချက်ကြောင့် တို့ မဟုတ်ပါဘူး။

►မေး။  ။ ထောင်ထဲမှာနေရတဲ့ အတွေ့အ ကြုံလေး တစ်ဆိတ်လောက်မေးပါရစေ။ နှစ်ပေါင်းများစွာတိုင်အောင် တက်တက် ကြွကြွနှင့် အဆက်မပြတ်ဖြစ်နေအောင် ဘယ်လို အားထုတ်ခဲ့သလဲရှင်။

♦ ဖြေ။  ။ အရေးကြီး တာကတော့ စိတ် ဓာတ်ခွန်အားနှင့် ရင်ဆိုင်ဖို့အသင့် ရှိနေရမယ်လေ။ စိတ်ကဆောင်နေရင် တော် တော်တန်တန် လောကဓံ ဆိုတာ အလို လိုကျော်ပြီး သား ဖြစ်သွားပြီပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ် မဟုတ်တဲ့ အပြစ် လုပ်ထားတာ မရှိဘူးဆိုတဲ့ လိပ်ပြာသန့် သန့်ဖြစ်နေတာ ကိုက ပမာဏ အားကြီး တဲ့ စိတ်ခွန်အားရဲ့ အရင်း အမြစ်ပဲလို့ ဆို ချင်တယ်။

ကျွန်တော်တို့ သားအဖ လေးယောက် ကို ၁၁ နှစ်လုံးလုံး ပြင်ပလောကနှင့် အ ဆက်ဖြတ် ထားခဲ့ကြတာကိုက အထူးအ ဆန်းလို့ ပြောရလိမ့်မယ်။ အလောင်း တွေ စီအောင် လူသတ်ထားတဲ့သူ၊ ရွာမီး ရှို့တဲ့သူတွေတောင် ထောင်ဝင်စာ ဆိုတာ ခွင့်ပြုရသေးတာ မဟုတ်လား။ ကျွန်တော်တို့မှာ လိုအပ်တဲ့ အစား အသောက် ဆေးဝါး ကိုတော့ အပြင်က လာပို့လို့ရပါ တယ်။ လူတော့ လုံးဝတွေ့ခွင့်မပေးခဲ့ဘူး။ လူတော်တော် များများ ကျွန်တော်တို့ ထောင်ထဲမှာ အခွင့်အရေး အထူးရခဲ့သ လား လို့ မေးချင်ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို အညစ်အကြေး ထမ်း ခိုင်းတာ ရှင်းခိုင်းတာလိုမျိုး ကာယ အလုပ်ကြမ်းမျိုးတော့ ထောင်ဝန်ထမ်းတွေ က ခိုင်းတာ မရှိပါဘူး။ ၁၁ နှစ်လုံးလုံး ထောင်ဝင်စာ တွေ့ခွင့် မရတာကတော့ နှိပ်စက်ခြင်း တစ်မျိုးလို့ ဆိုရလေမလား ပဲ။ ကျွန်တော် တို့ အမေကိုလည်း ၂ဝဝ၈ အထိ အကျယ်ချုပ် ချထားရာကနေ လွှတ် ပြီးတဲ့နောက်ပိုင်းလည်း လာတွေ့ခွင့် မရခဲ့ဘူး။

►မေး။  ။ အဲဒီ့အချိန်တုန်းက အစိုးရက ရှင်တို့မိသားစု အပေါ်မှာ ဘာဖြစ်လို့ အဲဒီ လောက်တောင် အကြောက်ကြီးကြောက် ခဲ့ရတာလဲ။ မိသားစု ကိုတောင် လာတွေ့ ခွင့် မပေး ရဲတာဆိုတော့။

♦ ဖြေ။  ။ အဖြစ်နိုင်ဆုံး အဖြေကို ပြော ကြည့်မယ်နော်။ ကျွန်တော်တို့ကို ရာဇသတ် ကြီးထဲက အကြီးလေးဆုံး ပြစ်မှုနှင့် တရားစွဲလိုက်ကြတယ်။ ကျွန်တော်တို့ တရား စီရင် တာကို ကျယ်ကျယ်ပြန့်ပြန့် သတင်း ထုတ်ပြန်ခဲ့တယ်။ ဓာတ်ပုံတွေ လည်း ဝေဝေဆာဆာ ရိုက်ကူး ခွင့်ပေးခဲ့ တယ်။ တစ်ဖက်က ကျပြန်တော့လည်း ကျွန်တော်တို့ အပြစ် မရှိကြောင်း ရုံးတော် မှာ ထုချေတာကို ပြင်ပက သိမှာကို အ လွန်စိုးရိမ်ခဲ့ကြတယ်၊ တရား စီရင်သွားတဲ့ တစ်လျှောက် ကျွန်တော် တို့ထုချေချက် ဆိုတာ ဘယ်သူမှ ကြား ခွင့်မရအောင် သတင်းမထုတ်ပြန်ဘဲလုပ်ခဲ့ကြပြန်တယ်။

ကျွန်တော် ထင်တာတော့ အပြစ် မရှိတဲ့ မိသားစုတစ်ခုကို ထောင်ထဲဖမ်း ထည့်တယ် ဆိုတဲ့ကိစ္စ ပေါ်သွားမှာကို သူတို့ အတော်လေး အနေအထိုင် ခက် အောင်ကို စိုးရိမ်ခဲ့ ကြလို့ဖြစ်မယ်။

၂ဝ၁၂ ဇန်နဝါရီမှာ အဖေနှင့် ညီ လေးကို အရင်ပြန် လွှတ်ပေးလိုက်တာ ကိုပဲကြည့်လေ။ နှစ်ယောက်ကို လွှတ် ကြည့်ပြီး ဘာတွေ လုပ်လာမလဲ လို့စောင့် ကြည့်လိုက်တဲ့ သဘောပေါ့ဗျာ။

အရင်အစိုးရက ရန်သူတော်တော် များများ မွေးခဲ့တာဗျ။ ကျွန်တော်တို့ ကိစ္စကျတော့ သူတို့ ဘယ်လို ကိုင်တွယ်ရ မှန်းမသိဘူး ဖြစ်ကုန်ရော။ သူတို့နှင့် တခြားရန်သူတွေ ကျတော့ ရန်-ငါမျဉ်း က သိသိသာသာ ခြားနေတယ်။ ကျွန် တော်တို့ ကျပြန်တော့ အချင်းချင်းထဲက ကို ဘယ်သူတွေက ကျွန်တော်တို့ အပေါ် စိတ်ယိုင်နေတယ် ဆိုတာ သိဖို့ သိပ်ကို ခက်နေပြီလေ။ အဲတော့လည်း စွပ် ကြောက်တော့တာပေါ့ဗျာ

►မေး။  ။ ထောင်ထဲမှာ စာပေတော့ တော်တော် ဖတ်ခွင့်ရမယ်ထင်တယ်။ စာအုပ်နှင့် အခြားသင်ကြားရေး ပစ္စည်း တွေ ဘယ်လိုဆည်းပူးခဲ့ သလဲ။ ပြင်ပက အကြောင်းတွေ ကို အခုလောက် အဆက်မပြတ်လိုက် မီနေအောင်လေ။

♦ ဖြေ။  ။ ထောင်ထဲမှာ ကန့်သတ်တဲ့စည်း ကမ်းတွေက ကြောင်တောင်တောင် ဗျ။ တစ်ဆောင် ထဲနေခဲ့ရတဲ့ ဒီချုပ်ခေါင်း ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးဝင်းတင် ဆို ရင် ထောင် ဝင်စာ တွေ့ခွင့်ရတယ်။ အရင်က အင်္ဂလိပ်လိုရေးတဲ့ စာအုပ်သွင်း ခွင့်မရဘူး။ ကျွန်တော်တို့ ကျတော့ ထောင်ဝင်စာ မတွေ့ရဘူး။ အင်္ဂလိပ်စာ ဖတ်လို့ရတယ်။ အဲတော့ ကျွန်တော်တို့ က အဘ ဦးဝင်းတင်ဆီကနေ တစ်ဆင့် သိချင်တာ ရှိရင် သူ့ထောင်ဝင်စာကိုမေး ခိုင်းတယ်။ သူဖတ်ဖို့ အင်္ဂလိပ်စာအုပ် တွေကျတော့ ကျွန်တော် တို့အိမ် က မှာမှာပေးတယ်။

► မေး။ ။ အဲလို အချိန်မှာ တစ်ခုခုပြန် တွေးပြီး ယူကျုံးမရ ဖြစ်ခဲ့တာရော ရှိလား ရှင်။ မိသားစု အနေနဲ့ဘယ်အချိန်က ဘာလုပ်ခဲ့ ရင်ပြီးရော ဆိုပြီး ပြန်တွေးမိ ၊ နောင်တ ရမိတာမျိုးပေါ့။

♦ ဖြေ။  ။ ကိုယ့်လုပ်ရပ် အပေါ် နောင်တ ကတော့ ရစရာ အကြောင်းမရှိတာ အမှန်ပဲ။ သို့သော် အားမလို အားမရဖြစ် တာတော့ ရှိတာပေါ့။ နှစ်ဖက် အင်အားစု တွေ ရင် ကြားစေ့အောင် ကျွန်တော်တို့ ပိုပြီးကြောင့်ကြဝါယမ စိုက်ခဲ့ဖို့ကောင်း တာပေါ့။ ကျွန်တော်တို့က အတိုင်းအတာ တစ်ခုအထိတော့ လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တစ်ဖက် ကခေါင်းမာပြီး မလိုလား ကြောင်း တွေ့ ရတဲ့ အခါမှာ အင်အား သုံး ပြီိး မတွန်းဖြစ်ခဲ့ဘူး။

ကျွန်တော်တို့ မိသားစုက ထူးခြား တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာနှင့် ပတ်သက် လို့ပြောရရင် တိုင်းပြည်နှင့် ချီတဲ့ ပြောင်းလဲမှု တစ်ရပ်ကို နေ့ချင်းည ချင်း အကောင် အထည်ဖော်နိုင်ဖို့တော့ အင်အား ရှိချင်မှ ရှိလိမ့်မယ်။ သို့သော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် နေတဲ့ ဗိုလ်ချုပ်ကြီးတွေ ရဲ့အနေအထား နှင့် အခင်း အကျင်း ကိုတော့ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိအောင် လုပ်နိုင်ဖို့ အတွက်ကတော့ သူများတွေ ထက် လွယ် ကူခဲ့တာအမှန်လေ။ ဆိုတော့ကာ ကျွန် တော်တို့သာ စွန့်စွန့် စားစား လုပ်ဖို့ စော စောကထည်းက အကြံရခဲ့မယ် ဆိုရင် အခုချိန် အပြောင်းအလဲတွေဟာ ပို အောင်မြင်နေမှာပေါ့။

►မေး။  ။ အခုအချိန်မှာ မိသားစုနှင့် ပတ် သက်တဲ့ သမိုင်းကြောင်း မော် ကွန်းအ ပေါ်မှာရော ကျေနပ်မှုရှိလားရှင့်။

♦ ဖြေ။  ။ အားရ ကျေနပ်တာပေါ့ဗျာ။ အဲ ဒါဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ မြန်မာ လူမျိုးတွေ ဆိုတာ အလွန်ကို ဆင် ခြင်တုံ တရားနှင့် ပြည့်စုံ လို့ပါပဲ။ မြန်မာ လူမျိုးတွေ ဟာ သူတို့ အပေါ်မှာ ကျွန်တော်တို့ မဟုတ်တာ တစ်ခုခု လုပ်ထား မိမယ်၊ လှည့်စားဖို့ ကြိုးစားခဲ့မယ် ဆိုရင် လည်း သိနေမှာပဲ။ ကျွန်တော်တို့က တိုင်းပြည် အ တွက် စေတနာ ထားပြီးလုပ် ခဲ့မယ်၊ အနာဂတ် အတွက် ကောင်းကျိုး တွေ ဆောင်ရွက်ပေးခဲ့မယ် ဆိုရင်လည်း အသိအမှတ်ပြုကြမှာပါပဲ။

ကျွန်တော်တို့ မိသားစုကို ရန်သူအ ဖြစ် မြင်နေတဲ့ လုပ်ရည်ကိုင်ရည် ရှိတဲ့လူ တွေအချို့ ရှိနေမှာ ကတော့ အဆန်း မဟုတ်ပါဘူး။ နိုင် ငံရေး လောကမှာ နှစ် ပေါင်း ၆ဝ ကျော် လှုပ်ရှားခဲ့တဲ့ မိသားစု တိုင်းမှာ ရန်ပြုလိုသူ ရှိစမြဲပါပဲ။ သို့သော် သူတို့ ကျွန်တော်တို့ အပေါ် ထားရှိတဲ့ အကျိတ်အခဲ၊ အမုန်းတရားကိုပဲ တက တည်း မြန် မာပြည်သူ လူထုကြီးကပဲ လိုက်မုန်း နေတဲ့ ပုံမျိုးဖမ်းဖမ်းပြီး သူတို့က လျှောက် ပြောတတ်ကြ၊ ကြိုးပမ်း ပုံဖော်တတ်ကြ တယ်။ အဲဒါ ကျတော့ တန်ဖိုး မရှိတဲ့ ပေါ့ ပျက်ပျက် ကြိုးပမ်းချက် တစ်ခုလို့ပဲ ကျွန် တော်မြင်တယ်။ ဒါကြောင့် အခုလို ကြိုး ပမ်းမှုနှင့် ကျွန်တော်တို့ မိသားစုအ ကြောင်း သွားပုပ်လေလွင့် ပြော ကြတာ တွေကို ကျွန်တော်က မှုကိုမမှုတာ။

►မေး။  ။ ထောင်က လွတ်လာပြီးနောက်ပိုင်း နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းမိနေ ပါသလဲ။

♦ ဖြေ။  ။ ထောင်က လွတ်လာပြီးနောက် တော့ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်နေ တာ တွေကို လေ့လာ သုံးသပ်နေပါတယ်။ လေ့လာရုံနဲ့တင် မရတာတွေ ကျတော့ တီးခေါက် ကြည့်ရတာပေါ့။ တစ်ဖက်က လည်း မိသားစု လက်ငုတ် လက်ရင်းလုပ် ငန်းတွေမှာ ကူလုပ်နေပါတယ်။ ကျွန် တော် လွတ်တာမှ နှစ် လပဲ ရှိသေးတယ် လေဗျာ။ ဒါနှင့် စကား စပ်လို့ ကျွန်တော့် ရဲ့အလွန် ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေပြော တဲ့  ကျွန်တော်နှင့် ပတ်သက်တဲ့ မှတ် က်တစ်ခုရှိတယ်။ ‘သူကိုကြည့်ရတာ ဘာအလုပ်လုပ်နေ လဲ ပြောဖို့ သိပ်ခက် တယ်။ လုပ်စရာ ရှိတာ အကုန်လုံး လုပ် နေပြီလို့လည်း မြင်မိ တယ်။ သေချာတာ ကတော့ သူက အမြဲ အလုပ်တွေနှင့် မအားဘူး ဆိုတာပဲ’ တဲ့။ ညီမ တို့ မေးလာ တဲ့မေးခွန်းကို ကျွန်တော် သူ့စကား လေးငှား ပြီး ဖြေလိုက်တာ ပဲကောင်းမယ် ထင်တယ်နော်။

<<< ၂ဝ၁၄ ဖေဖော်ဝါရီ ၁၈ ရက်နေ့  ထုတ် The Wall Street Journal ပါ Q&A: Aye Ne Win, Grandson of a Burmese Legend by SHIBANI MAHTANI ကို ဘာသာပြန်ဆိုပါသည်။ >>>

[မှတ်ချက်။     ။ ဦးမြတ်ခိုင် ရေးသား ထုတ်ဝေသော 'သမ္မတဟောင်း ဦးနေဝင်း၏ သေရွာပြန်မြေးများ ဖွင့်ချ လိုက်သည့် စစ် အစိုးရကို အာဏာ သိမ်းရန် ကြံစည်မှုကြီး' စာအုပ်တွင် အေးနေဝင်းက အဘိုးဖြစ်သူ ဦးနေဝင်းကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ ခြင်းမရှိဟု ရှင်းလင်းချက်အား ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးတင်လှိုင် ကလည်း အ တည်ပြု ရှင်းလင်းထားပါသည်။]ရန်ကုန်။ ။ မြန်မာသမ္မတ ဦးသိန်း စိန်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် အ ကျဉ်းသား ၆၉ ဦးကို ပြန် လွှတ်ပေးခဲ့ရာ ထိုသူတို့ထဲမှ အများ စိတ်ဝင်စားမှု အခံ ရဆုံး လွတ် သူနှစ်ဦး ပါခဲ့သည်။ သူတို့ နှစ်ဦးသည် သူတို့ ကို ထောင် ဒဏ်ချ မှတ်ခဲ့သော ပြီးခဲ့သည့် စစ်အစိုး ရ အပေါ် အဓိကကျသော ခြိမ်းခြောက်မှုကို မပြု နိုင်ခဲ့သည့် တိုင်အောင် သူတို့ အမည်များ တွင် မြန်မာနိုင်ငံရှိ ဝိဝါဒ သဘောထား ကွဲပြားဖွယ်ရာ ပုဂ္ဂိုလ်ကြီး တစ်ဦး ၏ အမည်ပါ နေသောကြောင့် စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ သည်ဟု ဆိုရပေ မည်။ ကျော်နေဝင်းနှင့် သူ၏ အစ်ကို အေးနေဝင်း တို့သည် ၁၉၆၂ ခုနှစ်တွင် ထိုစဉ်က ဘားမားဟု ခေါ် တွင်သော မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းခြင်းဖြင့် ၂၆ နှစ်ကြာ တစ်သီး တစ်သန့် မူဝါဒချ မှတ်ကာ အုပ်ချုပ် သွားခဲ့သော တိုင်း ပြည်၏ ဗွေဆော်ဦး အာဏာရှင် ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ လာမည့် ဆယ်စုနှစ် များတိုင်အောင် စစ်အုပ်ချုပ်ရေး အတွက် လမ်းဖောက် ပေးသွားခဲ့သူ၊ ဒေသတွင်း နိုင်ငံများ အနက် မြန်မာနိုင်ငံကို အဆင်း ရဲဆုံး တိုင်းပြည်တစ်ခု အဖြစ် ကျရောက် စေခဲ့သော မူဝါဒများ ချမှတ်ခဲ့သူ အဖြစ်ပါ စွပ်စွဲခံရဖူးသော သံမဏိ လက်သီးပိုင်ရှင် ဦးနေဝင်း ၏ မြေးနှစ်ဦး ဖြစ်တော့သည်။
၂ဝဝ၂ ခုနှစ်တွင် ဦးနေဝင်း၏ ထို မြေးများသည် ထိုစဉ်က အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချ ဖယ်ရှားရန် ကြံစည် မှုဖြင့် သေ ဒဏ်ချ မှတ်ခံခဲ့ရသည်။ ထောင်ထဲတွင် ၁၁ နှစ် ကျော်နေ ပြီးနောက် သူတို့၏ ဖခင်နှင့် ညီအငယ်ဆုံး တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သူတို့ထက် အရင် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
ဦးနေဝင်း ကိုယ်တိုင်ကိုလည်း ၂ဝဝ၂ ခုနှစ် မတ်လတွင် အထက်ပါ နိုင် ငံတော် ပုန်ကန်မှုနှင့် ပတ်သက်၍ အပြစ်မကင်း ကြောင်း တွေ့ ရှိသဖြင့် နေအိမ် အကျယ် ချုပ် ချမှတ်ခဲ့သည်။ နောက် ၉ လအကြာ တွင် ဦးနေဝင်း ကွယ်လွန်သွားသောအခါ အများပြည်သူ သိခွင့်မရ ခဲ့ပေ။ နိုင်ငံတော် ဈာပန အခမ်းအနားနှင့် သတင်းကြေ ညာချက် များ ထုတ်ပြန်ရန်လည်း ပျက် ကွက်ခဲ့ကြသည်။
အကျဉ်းကျ ခံခဲ့ရစဉ်က အသက် ၂၆ နှစ်သာ ရှိသေးသော အေးနေဝင်း သည် ယနေ့ အချိန်အခါတွင်မူ အင်းစိန် အကျဉ်းထောင်၏ သံတိုင်များ ကြားမှ လွတ်မြောက် လာပြီ ဖြစ်ပြီး ရန်ကုန်တွင် ပြင်ပလောကနှင့် သဟဇာ တ ဖြစ်အောင် နေထိုင် လေ့လာနေသည်။ သူ ထောင်က လွတ်ပြီး နှစ်လ ခွဲခန့် အကြာတွင် ဝေါစတြိ ဂျာနယ်မှ အရာရှိ ရှိဘာနီး မတားနီးနှင့် တွေ့ဆုံ ကာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်၊ ထောင်တွင်း အတွေ့ အကြုံနှင့် သူတို့ မိသားစု၏ သမိုင်းမော် ကွန်းတို့နှင့် ပတ်သက်၍ သူ၏ အမြင်များ ကို ထုတ်ဖော် ပြောကြားခဲ့သည်တို့မှ ကောက်နုတ် တင်ဆက်လိုက်ပါသည်။
►မေး။ ။ အပြောင်းအလဲတွေကို တွေ့လာ ရတော့ အံသြလားရှင့်။
♦ ဖြေ။ ။ ကျွန်တော်ကတော့ အခုထက် ပြောင်းလဲမနေတာကို အံ့သြတာဗျ။ အ တော်များများ အရင်အတိုင်းတွေ့နေရ တုန်းပဲ။ အထူးသဖြင့် နိုင်ငံရေး မိုးလေ ဝသလေ။
ကျွန်တော့်ကို နိုင်ငံတော် ပုန်ကန် မှုနှင့် စွပ်စွဲထောင်ချခဲ့တာ ဆိုတော့ ဘာ ပဲပြောပြော နိုင်ငံရေး အခြေအနေကို တော့ ပို သတိထားမိတာပေါ့။ ဟုတ်ပါ တယ်။ ပြောင်းလဲ မှုတွေ အများ အပြား ရှိခဲ့ပါတယ်။ အချို့ ဆိုရင် မျှော်လင့် ချက် ကောင်းတွေကို ပေးနေပြီ၊ အားရကျေ နပ်စရာ အကောင် အထည်ဖော်နိုင်နေ ပြီ။ ခက်တာက စိုးရိမ် စရာတွေ ကိုလည်း ကျွန်တော်တွေ့နေရတယ်ဗျာ။
နောင်နှစ်ဆိုရင် ကျွန်တော် တို့ဆီမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ကျင်းပကြတော့မယ်။ အဲ့ဒီ့ အခါကျရင် ပါတီတွေ၊ ခေါင်းဆောင်တွေက တစ် ဖက်နှင့် တစ်ဖက် ဝေဖန် တိုက်ခိုက် တာ တွေ မလုပ်မဖြစ် လုပ်ရတော့မှာပေါ့ဗျာ။ ဒါကိုပဲ အောက် လက်ငယ် သားတွေ၊ လူထု ပရိသတ်တွေက သူတို့လေးစား ယုံ ကြည်ရာ ကို စော်ကားတယ် လို့မြင်ပြီး မကျေမနပ် ဖြစ်လာနိုင်တယ်။ ကျွန်တော် တို့ဆီမှာ အခုလို တစ်တစ် ခွခွဝေဖန်တာ ကို ကျင့်သား မရသေးတာကြောင့် လူထု ပရိသတ်တွေ ထဲမှာ ခံစားချက်တွေ ပေါက် ကွဲပြီး ရုန်းရင်းဆန်ခတ်၊ ဆူဆူပူပူ ဖြစ်မှာ စိုးရိမ်မိတယ်။ အဲလိုစိုးရိမ်ရတာ နိုင်ငံ ရေးခေါင်းဆောင်တွေ လိုအပ်ချက်ကြောင့် တို့ မဟုတ်ပါဘူး။
►မေး။ ။ ထောင်ထဲမှာနေရတဲ့ အတွေ့အ ကြုံလေး တစ်ဆိတ်လောက်မေးပါရစေ။ နှစ်ပေါင်းများစွာတိုင်အောင် တက်တက် ကြွကြွနှင့် အဆက်မပြတ်ဖြစ်နေအောင် ဘယ်လို အားထုတ်ခဲ့သလဲရှင်။
♦ ဖြေ။ ။ အရေးကြီး တာကတော့ စိတ် ဓာတ်ခွန်အားနှင့် ရင်ဆိုင်ဖို့အသင့် ရှိနေရမယ်လေ။ စိတ်ကဆောင်နေရင် တော် တော်တန်တန် လောကဓံ ဆိုတာ အလို လိုကျော်ပြီး သား ဖြစ်သွားပြီပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ် မဟုတ်တဲ့ အပြစ် လုပ်ထားတာ မရှိဘူးဆိုတဲ့ လိပ်ပြာသန့် သန့်ဖြစ်နေတာ ကိုက ပမာဏ အားကြီး တဲ့ စိတ်ခွန်အားရဲ့ အရင်း အမြစ်ပဲလို့ ဆို ချင်တယ်။
ကျွန်တော်တို့ သားအဖ လေးယောက် ကို ၁၁ နှစ်လုံးလုံး ပြင်ပလောကနှင့် အ ဆက်ဖြတ် ထားခဲ့ကြတာကိုက အထူးအ ဆန်းလို့ ပြောရလိမ့်မယ်။ အလောင်း တွေ စီအောင် လူသတ်ထားတဲ့သူ၊ ရွာမီး ရှို့တဲ့သူတွေတောင် ထောင်ဝင်စာ ဆိုတာ ခွင့်ပြုရသေးတာ မဟုတ်လား။ ကျွန်တော်တို့မှာ လိုအပ်တဲ့ အစား အသောက် ဆေးဝါး ကိုတော့ အပြင်က လာပို့လို့ရပါ တယ်။ လူတော့ လုံးဝတွေ့ခွင့်မပေးခဲ့ဘူး။ လူတော်တော် များများ ကျွန်တော်တို့ ထောင်ထဲမှာ အခွင့်အရေး အထူးရခဲ့သ လား လို့ မေးချင်ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို အညစ်အကြေး ထမ်း ခိုင်းတာ ရှင်းခိုင်းတာလိုမျိုး ကာယ အလုပ်ကြမ်းမျိုးတော့ ထောင်ဝန်ထမ်းတွေ က ခိုင်းတာ မရှိပါဘူး။ ၁၁ နှစ်လုံးလုံး ထောင်ဝင်စာ တွေ့ခွင့် မရတာကတော့ နှိပ်စက်ခြင်း တစ်မျိုးလို့ ဆိုရလေမလား ပဲ။ ကျွန်တော် တို့ အမေကိုလည်း ၂ဝဝ၈ အထိ အကျယ်ချုပ် ချထားရာကနေ လွှတ် ပြီးတဲ့နောက်ပိုင်းလည်း လာတွေ့ခွင့် မရခဲ့ဘူး။
►မေး။ ။ အဲဒီ့အချိန်တုန်းက အစိုးရက ရှင်တို့မိသားစု အပေါ်မှာ ဘာဖြစ်လို့ အဲဒီ လောက်တောင် အကြောက်ကြီးကြောက် ခဲ့ရတာလဲ။ မိသားစု ကိုတောင် လာတွေ့ ခွင့် မပေး ရဲတာဆိုတော့။
♦ ဖြေ။ ။ အဖြစ်နိုင်ဆုံး အဖြေကို ပြော ကြည့်မယ်နော်။ ကျွန်တော်တို့ကို ရာဇသတ် ကြီးထဲက အကြီးလေးဆုံး ပြစ်မှုနှင့် တရားစွဲလိုက်ကြတယ်။ ကျွန်တော်တို့ တရား စီရင် တာကို ကျယ်ကျယ်ပြန့်ပြန့် သတင်း ထုတ်ပြန်ခဲ့တယ်။ ဓာတ်ပုံတွေ လည်း ဝေဝေဆာဆာ ရိုက်ကူး ခွင့်ပေးခဲ့ တယ်။ တစ်ဖက်က ကျပြန်တော့လည်း ကျွန်တော်တို့ အပြစ် မရှိကြောင်း ရုံးတော် မှာ ထုချေတာကို ပြင်ပက သိမှာကို အ လွန်စိုးရိမ်ခဲ့ကြတယ်၊ တရား စီရင်သွားတဲ့ တစ်လျှောက် ကျွန်တော် တို့ထုချေချက် ဆိုတာ ဘယ်သူမှ ကြား ခွင့်မရအောင် သတင်းမထုတ်ပြန်ဘဲလုပ်ခဲ့ကြပြန်တယ်။
ကျွန်တော် ထင်တာတော့ အပြစ် မရှိတဲ့ မိသားစုတစ်ခုကို ထောင်ထဲဖမ်း ထည့်တယ် ဆိုတဲ့ကိစ္စ ပေါ်သွားမှာကို သူတို့ အတော်လေး အနေအထိုင် ခက် အောင်ကို စိုးရိမ်ခဲ့ ကြလို့ဖြစ်မယ်။
၂ဝ၁၂ ဇန်နဝါရီမှာ အဖေနှင့် ညီ လေးကို အရင်ပြန် လွှတ်ပေးလိုက်တာ ကိုပဲကြည့်လေ။ နှစ်ယောက်ကို လွှတ် ကြည့်ပြီး ဘာတွေ လုပ်လာမလဲ လို့စောင့် ကြည့်လိုက်တဲ့ သဘောပေါ့ဗျာ။
အရင်အစိုးရက ရန်သူတော်တော် များများ မွေးခဲ့တာဗျ။ ကျွန်တော်တို့ ကိစ္စကျတော့ သူတို့ ဘယ်လို ကိုင်တွယ်ရ မှန်းမသိဘူး ဖြစ်ကုန်ရော။ သူတို့နှင့် တခြားရန်သူတွေ ကျတော့ ရန်-ငါမျဉ်း က သိသိသာသာ ခြားနေတယ်။ ကျွန် တော်တို့ ကျပြန်တော့ အချင်းချင်းထဲက ကို ဘယ်သူတွေက ကျွန်တော်တို့ အပေါ် စိတ်ယိုင်နေတယ် ဆိုတာ သိဖို့ သိပ်ကို ခက်နေပြီလေ။ အဲတော့လည်း စွပ် ကြောက်တော့တာပေါ့ဗျာ
►မေး။ ။ ထောင်ထဲမှာ စာပေတော့ တော်တော် ဖတ်ခွင့်ရမယ်ထင်တယ်။ စာအုပ်နှင့် အခြားသင်ကြားရေး ပစ္စည်း တွေ ဘယ်လိုဆည်းပူးခဲ့ သလဲ။ ပြင်ပက အကြောင်းတွေ ကို အခုလောက် အဆက်မပြတ်လိုက် မီနေအောင်လေ။
♦ ဖြေ။ ။ ထောင်ထဲမှာ ကန့်သတ်တဲ့စည်း ကမ်းတွေက ကြောင်တောင်တောင် ဗျ။ တစ်ဆောင် ထဲနေခဲ့ရတဲ့ ဒီချုပ်ခေါင်း ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးဝင်းတင် ဆို ရင် ထောင် ဝင်စာ တွေ့ခွင့်ရတယ်။ အရင်က အင်္ဂလိပ်လိုရေးတဲ့ စာအုပ်သွင်း ခွင့်မရဘူး။ ကျွန်တော်တို့ ကျတော့ ထောင်ဝင်စာ မတွေ့ရဘူး။ အင်္ဂလိပ်စာ ဖတ်လို့ရတယ်။ အဲတော့ ကျွန်တော်တို့ က အဘ ဦးဝင်းတင်ဆီကနေ တစ်ဆင့် သိချင်တာ ရှိရင် သူ့ထောင်ဝင်စာကိုမေး ခိုင်းတယ်။ သူဖတ်ဖို့ အင်္ဂလိပ်စာအုပ် တွေကျတော့ ကျွန်တော် တို့အိမ် က မှာမှာပေးတယ်။
► မေး။ ။ အဲလို အချိန်မှာ တစ်ခုခုပြန် တွေးပြီး ယူကျုံးမရ ဖြစ်ခဲ့တာရော ရှိလား ရှင်။ မိသားစု အနေနဲ့ဘယ်အချိန်က ဘာလုပ်ခဲ့ ရင်ပြီးရော ဆိုပြီး ပြန်တွေးမိ ၊ နောင်တ ရမိတာမျိုးပေါ့။
♦ ဖြေ။ ။ ကိုယ့်လုပ်ရပ် အပေါ် နောင်တ ကတော့ ရစရာ အကြောင်းမရှိတာ အမှန်ပဲ။ သို့သော် အားမလို အားမရဖြစ် တာတော့ ရှိတာပေါ့။ နှစ်ဖက် အင်အားစု တွေ ရင် ကြားစေ့အောင် ကျွန်တော်တို့ ပိုပြီးကြောင့်ကြဝါယမ စိုက်ခဲ့ဖို့ကောင်း တာပေါ့။ ကျွန်တော်တို့က အတိုင်းအတာ တစ်ခုအထိတော့ လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တစ်ဖက် ကခေါင်းမာပြီး မလိုလား ကြောင်း တွေ့ ရတဲ့ အခါမှာ အင်အား သုံး ပြီိး မတွန်းဖြစ်ခဲ့ဘူး။
ကျွန်တော်တို့ မိသားစုက ထူးခြား တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာနှင့် ပတ်သက် လို့ပြောရရင် တိုင်းပြည်နှင့် ချီတဲ့ ပြောင်းလဲမှု တစ်ရပ်ကို နေ့ချင်းည ချင်း အကောင် အထည်ဖော်နိုင်ဖို့တော့ အင်အား ရှိချင်မှ ရှိလိမ့်မယ်။ သို့သော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် နေတဲ့ ဗိုလ်ချုပ်ကြီးတွေ ရဲ့အနေအထား နှင့် အခင်း အကျင်း ကိုတော့ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိအောင် လုပ်နိုင်ဖို့ အတွက်ကတော့ သူများတွေ ထက် လွယ် ကူခဲ့တာအမှန်လေ။ ဆိုတော့ကာ ကျွန် တော်တို့သာ စွန့်စွန့် စားစား လုပ်ဖို့ စော စောကထည်းက အကြံရခဲ့မယ် ဆိုရင် အခုချိန် အပြောင်းအလဲတွေဟာ ပို အောင်မြင်နေမှာပေါ့။
►မေး။ ။ အခုအချိန်မှာ မိသားစုနှင့် ပတ် သက်တဲ့ သမိုင်းကြောင်း မော် ကွန်းအ ပေါ်မှာရော ကျေနပ်မှုရှိလားရှင့်။
♦ ဖြေ။ ။ အားရ ကျေနပ်တာပေါ့ဗျာ။ အဲ ဒါဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ မြန်မာ လူမျိုးတွေ ဆိုတာ အလွန်ကို ဆင် ခြင်တုံ တရားနှင့် ပြည့်စုံ လို့ပါပဲ။ မြန်မာ လူမျိုးတွေ ဟာ သူတို့ အပေါ်မှာ ကျွန်တော်တို့ မဟုတ်တာ တစ်ခုခု လုပ်ထား မိမယ်၊ လှည့်စားဖို့ ကြိုးစားခဲ့မယ် ဆိုရင် လည်း သိနေမှာပဲ။ ကျွန်တော်တို့က တိုင်းပြည် အ တွက် စေတနာ ထားပြီးလုပ် ခဲ့မယ်၊ အနာဂတ် အတွက် ကောင်းကျိုး တွေ ဆောင်ရွက်ပေးခဲ့မယ် ဆိုရင်လည်း အသိအမှတ်ပြုကြမှာပါပဲ။
ကျွန်တော်တို့ မိသားစုကို ရန်သူအ ဖြစ် မြင်နေတဲ့ လုပ်ရည်ကိုင်ရည် ရှိတဲ့လူ တွေအချို့ ရှိနေမှာ ကတော့ အဆန်း မဟုတ်ပါဘူး။ နိုင် ငံရေး လောကမှာ နှစ် ပေါင်း ၆ဝ ကျော် လှုပ်ရှားခဲ့တဲ့ မိသားစု တိုင်းမှာ ရန်ပြုလိုသူ ရှိစမြဲပါပဲ။ သို့သော် သူတို့ ကျွန်တော်တို့ အပေါ် ထားရှိတဲ့ အကျိတ်အခဲ၊ အမုန်းတရားကိုပဲ တက တည်း မြန် မာပြည်သူ လူထုကြီးကပဲ လိုက်မုန်း နေတဲ့ ပုံမျိုးဖမ်းဖမ်းပြီး သူတို့က လျှောက် ပြောတတ်ကြ၊ ကြိုးပမ်း ပုံဖော်တတ်ကြ တယ်။ အဲဒါ ကျတော့ တန်ဖိုး မရှိတဲ့ ပေါ့ ပျက်ပျက် ကြိုးပမ်းချက် တစ်ခုလို့ပဲ ကျွန် တော်မြင်တယ်။ ဒါကြောင့် အခုလို ကြိုး ပမ်းမှုနှင့် ကျွန်တော်တို့ မိသားစုအ ကြောင်း သွားပုပ်လေလွင့် ပြော ကြတာ တွေကို ကျွန်တော်က မှုကိုမမှုတာ။
►မေး။ ။ ထောင်က လွတ်လာပြီးနောက်ပိုင်း နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းမိနေ ပါသလဲ။
♦ ဖြေ။ ။ ထောင်က လွတ်လာပြီးနောက် တော့ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်နေ တာ တွေကို လေ့လာ သုံးသပ်နေပါတယ်။ လေ့လာရုံနဲ့တင် မရတာတွေ ကျတော့ တီးခေါက် ကြည့်ရတာပေါ့။ တစ်ဖက်က လည်း မိသားစု လက်ငုတ် လက်ရင်းလုပ် ငန်းတွေမှာ ကူလုပ်နေပါတယ်။ ကျွန် တော် လွတ်တာမှ နှစ် လပဲ ရှိသေးတယ် လေဗျာ။ ဒါနှင့် စကား စပ်လို့ ကျွန်တော့် ရဲ့အလွန် ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေပြော တဲ့ ကျွန်တော်နှင့် ပတ်သက်တဲ့ မှတ် က်တစ်ခုရှိတယ်။ ‘သူကိုကြည့်ရတာ ဘာအလုပ်လုပ်နေ လဲ ပြောဖို့ သိပ်ခက် တယ်။ လုပ်စရာ ရှိတာ အကုန်လုံး လုပ် နေပြီလို့လည်း မြင်မိ တယ်။ သေချာတာ ကတော့ သူက အမြဲ အလုပ်တွေနှင့် မအားဘူး ဆိုတာပဲ’ တဲ့။ ညီမ တို့ မေးလာ တဲ့မေးခွန်းကို ကျွန်တော် သူ့စကား လေးငှား ပြီး ဖြေလိုက်တာ ပဲကောင်းမယ် ထင်တယ်နော်။
<<< ၂ဝ၁၄ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထုတ် The Wall Street Journal ပါ Q&A: Aye Ne Win, Grandson of a Burmese Legend by SHIBANI MAHTANI ကို ဘာသာပြန်ဆိုပါသည်။ >>>
[မှတ်ချက်။ ။ ဦးမြတ်ခိုင် ရေးသား ထုတ်ဝေသော 'သမ္မတဟောင်း ဦးနေဝင်း၏ သေရွာပြန်မြေးများ ဖွင့်ချ လိုက်သည့် စစ် အစိုးရကို အာဏာ သိမ်းရန် ကြံစည်မှုကြီး' စာအုပ်တွင် အေးနေဝင်းက အဘိုးဖြစ်သူ ဦးနေဝင်းကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ ခြင်းမရှိဟု ရှင်းလင်းချက်အား ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးတင်လှိုင် ကလည်း အ တည်ပြု ရှင်းလင်းထားပါသည်။]
myanmarlatestnews.com

No comments:

Post a Comment