Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

ပြုပြင်ထားသော အသားများ လွန်ကဲစွာစားခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်

အရသာရှိအောင် ပြုပြင်ဖန်တီးထားသည့် အသားများကို စွဲစွဲလမ်းလမ်း လွန်လွန်ကဲကဲ စားသုံးခြင်းသည် မိမိကိုယ်ကို ဆုံးစီရင်နေခြင်းမျိုးပင်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီများက သတိပေးလိုက်သည်။

အမေရိကန်တွင် 0က်ပေါင်ခြောက်ကဲ့သို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသော အသားများ စားသုံးမှု စံချိန်တင်မြင့်တက်လာသည့်နောက် သုတေသီများက ယင်းအခြေအနေနှင့် ဆက်စပ်သော ဆိုးကျိုးများကို ကြေညာခဲ့ခြင်းဖြစ်သည်။ ပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် လွန်ကဲလာသော အခြေအနေတွင် ကင်ဆာ၊နှလုံးရောဂါနှင့် ဆီးချိုတို့ဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း သိရသည်။

အသားများကို ထုပ်ပိုးပြုပြင်ချိန်တွင် သကြားနှင့် ဆားတို့ကို အလျှံအပယ် အသုံးပြုလေ့ရှိပြီး ယင်းအသားများကို နှစ်ရှည်လများ စားသုံးပါက ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာမှုထံ ဦးတည်သွားစေခြင်းဟုဆိုသည်။အမျိုးမျိုးသော ပြောင်းလဲစီမံထားသည့် အသားများတွင် အဆီ၊ သကြားနှင့် ဆားတို့ အချိုးအစား အမျိုးမျိုးပါဝင်နေသလို အနံ့အသက် မွှေးကြိုင်စေသည့် ဓာတုဆေးဝါးများ၊ တာရှည်ခံပစ္စည်းများပါ ပါဝင်နေခြင်းက သဘာဝ အသားထက် ကျန်းမာရေးအတွက် ဆိုးကျိုးများနိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

Live Science ဆေးပညာ သုတေသနဂျာနယ်က ပြုပြင်ပြောင်းလဲထားသော အသားများထဲတွင် လူသားများ ပမာဏများများ စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်တတ်သည့် ဓါတ်ပြုမှုမျိုး ပေါင်းစပ်ပါဝင်နေတတ်ကြောင်းလည်း သတိပေးခဲ့သည်။ ဟားဗတ်ဆေးကျောင်းတွင် ပြုလုပ်သော သုတေသနရလဒ်များက ယင်းအသားများကို လွန်ကျွံစွာ စားသုံးခြင်းဖြင့် Type 2 ဆီးချို ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း ညွှန်ပြလျှက်ရှိသည်။

သာမန်အားဖြင့် ဒီလို ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေက ဆိုဒီယမ်ဆား သာမန်ထက် လေးဆလောက် ပိုများပြီး နိုက်ထရိတ်ဓါတ်ပေါင်းတွေ ၅၀ ရာခိုင်နှုန်းလောက် ပိုလျှံနေတတ်တယ်လေ ဟု ဟားဗတ်မှ သုတေသီတစ်ဦးက ရှင်းပြခဲ့သည်။ တွေ့ရှိချက်များအရ ပြင်ဆင်မှုပြုလုပ်ထားသည့် အသားများအနက် အမဲသား၊ သိုးသား၊ ဆိတ်သား စသဖြင့် အမျိုးအစားကွဲပြားမှုအလိုက် သက်ရောက်ပုံခြားနားသည့် အထောက်အထားမျိုးကိုမူ မတွေ့ရှိရဟုလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment