ရန်ကုန်မှာ ကားရောင်းစင်တာတွေ များပြီး လူတိုင်ကား
တင်သွင်းခွင့်ရှိတဲ့အတွက် ကားလောက ဈေးကွက်ဝယ်လိုအား မရှိသလောက် ဖြစ်ပြီး
အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကားရောင်းစင်တာအသစ်တွေ များလာပြီး သွင်းအားကောင်းနေတဲ့အတွက် ကားဈေးတွေ
အကျဘက်ကို ဦးတည်နေတယ်လို့ မင်းရဲကျော်စွာ ကားပွဲစားတန်းက
ဝယ်ရောင်းတဦးဖြစ်တဲ့ ဦးအောင်သန်းဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေကို
မြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့ ကလေး–တမူး နယ်စပ်စခန်းတွေကနေ တရားဝင်
တင်သွင်းခွင့်ပေးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး က ကုန်သည်တွေနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ကားရောင်းစင်တာမှ ဒေါက်တာစိုးထွန်းကတော့ အကုန်လုံးက ကားသွင်းနေတဲ့ အတွက်
ရေရှည်ဝန်ဆောင်မှုပေးနိုင်တဲ့ ကားရောင်းစင်တာကြီးတွေသာ နောက်ပိုင်းမှာ
အရောင်းအ၀ယ် ဖြစ်ဖို့ ရှိတယ်လို့ ပြောပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က မော်တော်ယာဉ်တင်သွင်းမှုနဲ့
ပတ်သက်ပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူတိုင်း ကားတင်သွင်းခွင့်
ရှိသလို ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေ၊ နိုင်ငံခြားရေးဝန်ထမ်းတွေ၊
သင်္ဘောသားတွေ၊ ပြည်ပမှာ သွားရောက် လုပ်ကိုင်နေတဲ့သူတွေနဲ့
ဟိုတယ်ခရီးလုပ်ငန်းရှင်တွေကိုလည်း မော်တော်ယာဉ် တင်သွင်းခွင့် ပေးထားပါတယ်။
ဒီနှစ်ထဲမှာ ကားရောင်းစင်တာအသစ်တွေ ထပ်တိုးဖွင့်လှစ်ဖို့ ရှိပြီး
ရန်ကုန်မြို့အတွင်း မော်တော်ယာဉ် တင်သွင်းမှုက အစီးရေ ၂ သိန်းနီးပါး
ရှိနေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနစာရင်းများအရ သိရပါတယ်။
By မျိုးဇော်လင်း (ဒီဗွီဘီ)
အသံဖိုင်နားဆင်ရန်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 11, 2014
ကားလောက ဈေးကွက် အကျဘက်ကို ဦးတည်
Reviewed by VC
on
February 11, 2014
Rating: 5
Reviewed by VC
on
February 11, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment