Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

နှစ်သစ်ကူး အခမ်းအနား ဖျော်ဖြေမှုတွင် တရုတ်အကမယ်တစ်ဦး လေးနာရီကြာ ပတ်ချာလည် ကပြခဲ့မှုအတွက် အငြင်းပွားမှုများ ထွက်ပေါ်လာ


Photo:Shanghaiist.com
တရုတ်နိုင်ငံပိုင်ရုပ်သံ China Central Television (CCTV) တွင် ထုတ်လွှင့်ပြသခဲ့သော နှစ်သစ်ကူးပျော်ပွဲ အခမ်းအနား၌ အသက် ၁၅ နှစ်အရွယ် အကမယ်တစ်ဦး စင်မြင့်တွင် လေးနာရီကြာ ပတ်ချာလည် အကကပြ ဖျော်ဖြေခဲ့မှုသည် အွန်လိုင်းတွင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားစေခဲ့သည်။ အချို့က ယင်းအကမယ်၏ ဖျော်ဖြေမှုကို ‘ရက်စက်မှု’ ဟု သတ်မှတ်ဝေဖန်ခဲ့ကြသည်။
တရုတ်အကမယ် ယန်လီပင်း၏တူမ ဝေချိုင်ကျီသည် ဇန်နဝါရီ ၃ဝ က ထုတ်လွှင့်ခဲ့သော CCTV ၏နှစ်ပတ်လည် ပျော်ပွဲတွင် ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ရာသီပြောင်းလဲမှုနှင့် အချိန်ကုန်လွန်ခြင်းတို့ကို ကိုယ်စားပြုသော စင်မြင့်ဖျော်ဖြေမှုတွင် ဝေက အဖြူရောင်ဂါဝန်ဖြင့် မရပ်တမ်းပတ်ချာလည် ကပြခဲ့သည်ကို ဝိုင်းဝန်းဩဘာပေးခဲ့ကြသည်ဟု နိုင်ငံပိုင် China Daily သတင်းစာက ဖေဖော်ဝါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းဖျော်ဖြေမှု တင်ဆက်စဉ်နှင့် တင်ဆက်ပြီးနောက် တရုတ်လူမှုကွန်ရက်တွင် လူအများအပြားက စိုးရိမ်မှုများအတွက် ဝေဖန်ခဲ့ကြသည်။
“ရက်စက်မှုကလွဲရင် တခြားခေါ်ဆိုစရာ မရှိပါဘူး။ ကျွန်တော့်အတွက်တော့ အလှတရားဆိုတာကို စက်ဆုပ်ရွံရှာမှုဆိုတဲ့ ခံစားမှုက အစားထိုးသွားပါတယ်” ဟု ဝေဖန်သူတစ်ဦးက တရုတ်တွစ်တာ ဆီနာဝေပေါ်တွင် ရေးသားခဲ့သည်။ “၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက် လေးနာရီကြာအောင် လှည့်ကနေရတာ တန်ဖိုးထားမှု ဖောက်ပြန်တဲ့ ဖျားနာမှုလို့ပဲ ကျွန်တော်ပြောနိုင်ပါတယ်” ဟု နောက်တစ်ဦးက ရေးခဲ့သည်။
ယင်းအကအစီအစဉ်ကို ရုပ်သံမှကြည့်ရှုသူ ၇ဝ၄ သန်းရှိခဲ့ပြီး ဝေသည် ယင်းအစီအစဉ်ပြီးနောက် တရုတ်လူမှုကွန်ရက်များတွင် ရှာဖွေမှုအများဆုံး အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့သည်။ အခမ်းအနား မစတင်မီ  ဆီနာဝေပေါ်တွင် ဖော်ပြခဲ့သော စာသား၌ ဝေက အကဖျော်ဖြေမှုသည် ‘သမာဓိကျင့်မှု တစ်မျိုး’ ဟု ဖော်ပြခဲ့ပြီး ဖျော်ဖြေမှုနှင့်ပတ်သက်သည့် သံသယကို ဖြေရှင်းခဲ့သည်။ CCTV ၏နှစ်ပတ်လည် ပျော်ပွဲသည် ၁၉၈၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် တရုတ်တွင် အစဉ်အလာ ဖြစ်လာခဲ့သည်။
Ref:AFP
Credit: EMG

Wei Caiqi’s ‘cruel’ New Year gala dance sparks controversy 

A 15-year-old dancer who twirled for four hours onstage as part of China’s televised New Year gala has ignited controversy online, with some criticising her performance as “cruel”.
Wei Caiqi, the niece of Chinese dancing star Yang Liping, was the designated “time girl” at the annual China Central Television (CCTV) gala, which aired on January 30.
Clad in a flowing white gown, Wei spun nonstop on a special stage to represent “the passing of time and the changing of seasons”, the state-run China Daily newspaper reported on Wednesday.

 


http://www.scmp.com/news/china/article/1421484/chinese-girls-cruel-new-year-gala-dance-sparks-controversy

No comments:

Post a Comment