Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

မန္တလေးမြို့တွင် မြန်မာပြည်မြောက်ပိုင်းရှိ ပါဂျောင်ဒေသ၌ ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားများအား ရည်စူး၍ အထိမ်းအမှတ်ရုပ်တု စိုက်ထူခြင်းနှင့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ


၁၃.၂.၂၀၁၄၊ ကြာသပတေးနေ့

မန္တလေးမြို့တွင် ၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့က မြန်မာပြည်မြောက်ပိုင်းရှိ ပါဂျောင်ဒေသ၌ ကျဆုံးသွားခဲ့သည့် ABSDF တပ်ဖွဲ့ဝင် ကျောင်းသားများအား ရည်စူး၍ အထိမ်းအမှတ်ရုပ်တု စိုက်ထူခြင်းနှင့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ ကျဆုံးကျောင်းသားများအား အထိမ်းအမှတ် ငြိမ်းချမ်းရေးရင်ပြင်၌ ဥတ္တရကြယ်စင်ရုပ်တု စိုက်ထူပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြ၀တီမင်းကြီးကျောင်းတိုက်တွင် မြောက်ပိုင်းပြန် ကျောင်းသားများမှ ဦးဆောင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပါဂျောင်ကိစ္စတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် အထဲ၌ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ကို ထွန်းအောင်ကျော်အပါအ၀င် ကျဆုံးကျောင်းသားများအား ရည်စူးပြီး အထိမ်းအမှတ်ရုပ်တု စိုက်ထူနိုင်ခဲ့ခြင်းမှာ ယင်းသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းပြန်ကျောင်းသားများက ပြောဆိုခဲ့ကြသည်။

“အထက်မြန်မာပြည် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားချင်းသတ်ဖြတ်ခဲ့မှုမှာ သေဆုံးသူ ၃၅ ဦးအထိ ရှိခဲ့တယ်။ ထပ်ပြီးတော့ ထူးခြားမှုတစ်ခုကတော့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် ခေါင်းဖြတ်သတ်မှု ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီဟာတွေကို အကြောင်းပြုပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျွန်တော်တို့ ပြည်သူထံကို လူသိရှင်ကြား ဖွင့်ချပြခဲ့ပါတယ်။ မြောက်ပိုင်းဖြစ်စဉ်ဟာဆိုရင် သမိုင်းသက်သက်သာ မဟုတ်ဘဲ သင်ခန်းစာယူနိုင်အောင် ချန်ထားခဲ့တဲ့ သဘောပါ” ဟု ABSDF မြောက်ပိုင်းပြန် ကျောင်းသားဟောင်း ကိုညီညီကျော်က ပြောကြားခဲ့သည်။

မန္တလေးတွင် ကျင်းပခဲ့သည့် ABSDF တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားများ အောက်မေ့ဖွယ်အထိမ်းအမှတ် ရုပ်တုစိုက်ထူခြင်း အခမ်းအနားတွင် မြောက်ပိုင်းပြန်ကျောင်းသားများမှ သဘောထားကြေညာချက် ခုနစ်ချက်ကို ယင်းနေ့၌ထုတ်ပြန်ကြောင်း သိရသည်။

EMG

No comments:

Post a Comment