Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 24, 2014

ကျွန်မရဲ့ ချစ်သူဟာ အဆိုတော်သားသားပါလို့ ဖွင့်ဟလိုက်တဲ့ Super Models မှ ခေမာ


Super Modelsဆိုတဲ့သီချင်းနဲ့ ပရိသတ် လက်ခံအားပေးမှုတွေရရှိထားပြီဖြစ်တဲ့ Super Modelsအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခေမာကို ချစ်သူများနေ့မှာ ဘယ်သူတွေနဲ့ရှိမယ်၊ ဘယ်လိုပုံစံဖြတ်သန်းသွားဖြစ်မလဲ ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ အချစ်ရေးကို မေးမြန်းဖြစ်တဲ့အခါ သူမက ‘ခေမာ ချစ်သူများနေ့မှာ ရှိုးဆိုဖို့ရှိပါမယ်။ အချစ်နဲ့ ပတ်သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုရရင် အချစ်က နားလည်ရခက်ပါတယ်။ နားလည်မှုရှိတဲ့အချစ်ကတော့ ခိုင်မြဲပြီး၊ နားလည်မှုမရှိတဲ့ အချစ်ဆိုရင်တော့ ခိုင်မြဲမှာ မဟုတ်ပါဘူး။ အချစ်မှာ အရေးကြီးဆုံးကတော့ နားလည်မှုနဲ့သစ္စာရှိမှုပါပဲ။ ခေမာအချစ်ကို တွေ့နေတာကြာပါပြီ။ သူကလည်း အနုပညာလောကထဲကပါပဲ။ အဆိုတော်တစ်ယောက်ဖြစ်တဲ့ သားသားပါ။ ခေမာ ဆယ်တန်းကျောင်းသူဘဝတုန်းက သားသားနဲ့ဟိုဘက်ခုံ၊ ဒီဘက်ခုံထိုင်ရင်းနဲ့ သူက စာမရလို့ ခေမာကို လာမေးရင်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက်ခင်သွားကြတာပါ။

အဲဒီအချိန်ကနေစပြီးတော့ သူငယ်ချင်းလို တောက်လျှောက်နေလာရင်းနဲ့မှအခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်သွားခဲ့တာပေါ့။ ချစ်သူများနေ့မှာ ကိုယ့်ရဲ့ ချစ်သူဆီကနေ မျှော်လင့်မိတာမျိုးတော့ရှိတာပေါ့။ ဒါပေမဲ့ကိုယ်က အနေအေးတယ်ပဲပြောရမလား။ သူ့ဆီကနေ ဘာမှမလိုအပ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတယ်။တွဲလာတာလည်းကြာပြီဆိုတော့ အရမ်းကြီးရင်းနှီးနေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လက်ဆောင်ပစ္စည်းတွေဆိုတာ မလိုအပ်တော့ပါဘူး။ ချစ်သူများနေ့မှာလည်း သူလည်း အလုပ်ရှိရင် သူ့အလုပ်သူလုပ်ပြီး ခေမာလည်းအလုပ်ရှိရင် ကိုယ့်အလုပ်ကိုယ်လုပ်သွားမှာပါ။ ချစ်သူများနေ့မှာ သူရှိုးဆိုဖြစ်မယ်ဆိုရင်တော့ ခေမာလိုက်ပေးဖို့ စဉ်းစားထားပါတယ်။

ချစ်သူများနေ့ကို ဖြတ်သန်းသွားကြမယ့် ချစ်သူစုံတွဲတိုင်းချစ်သူများနေ့မှာမှ မဟုတ်ပဲ နောင်လာမယ့် ချစ်သူများနေ့အထိပါမကပဲ နှစ်တိုင်းနှစ်တိုင်းတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့၊ သစ္စာရှိမှုတွေနဲ့ တကယ်ချစ်ကြတဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’တဲ့။

Trend Myanmar




No comments:

Post a Comment