- 20 January 2014 |
- By Popular News
ပဲခူးမြို
့အနီးရန်ကုန်-မန္တလေး လမ်းဟောင်း တွင် သရုပ်ဆောင် လင်းဇာနည်ဇော် လိုက်ပါ
စီးနင်း လာသောယာဉ်နှင့် အခြားယာဉ် တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်
တဆမှူကြောင့် အမျိုးသမီး တစ်ဦးအသက်ဆုံးပါး သွားကြောင်း သတင်း ရရှိသည့်
ယမန် နေ့ ညနေပိုင်းက သရုပ်ဆောင် လင်းဇာနည်ဇော်၏ အစ်ကိုဖြစ်သူ ဒါရိုက်တာ
မိုက်တီး ထံဆက်သွယ်မေးမြန်းရာ သူတို့ လည်း အခင်းဖြစ်ပွား ရာသို့ ရန်ကုန်မှ
သတင်းရရခြင်း လိုက်ပါ သွားနေကြောင်းပြောပြီးနောက် “ကျွန်တော်
အခုရောက်တော့မယ် သူ့ ကောင် မလေးတော့ ဆုံးသွား ရှာတယ်” ဟုသေဆုံးသူ
အမျိုးသမီး ငယ်မှာ သရုပ်ဆောင်လင်းဇာ နည်ဇော် နှင့်အတူပါသွားခဲ့
သူဖြစ်ကြောင်း ဒါရိုက်တာ မိုက်တီး၏ပြောကြားချက် အရ သိရသည်။ယာဉ်မတော်တဆ မှုဖြစ်ပွား ရာတွင် တစ်ဦးသေဆုံး၍ သရုပ်ဆောင် လင်းဇာနည်ဇော် အပါအ၀င်လူ(၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးဆေးရုံတွင်ဆေးကုသ မှုခံယူစေကြောင်း“သေဆုံးသူ အတွက်အားလုံး စိတ်မကောင်းဖြစ်နေကြ ရပါတယ်၊ လင်းလင်း ကတော့ အသက် အန္တရာယ် မရှိတော့ ပါဘူး မနက်မှ ရန်ကုန်ဆေးရုံ ရွှေ့ပါမယ်”ဟု စိတ်မပူရစေရန် ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။ ယနေ့ မှာ ဒဏ်ရာရရှိထားသူ သရုပ်ဆောင် လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာ ထပ်မံ သိရသည်။
(ညပိုင်းက သတင်း မတင်ခြင်းမှာ လင်းဇာနည်ဇော်၏ မိဘနှစ်ပါး စိုးရိမ်မည်ကို၍ သတိပြုခဲ့ ကြခြင်းဖြစ် ပါသည်။ ယခုတော့ ပရိသတ် အချစ်တော်လင်းဇာနည်ဇော် အသက် အန္တရာယ်မရှိ တော့၍ မိသားစုနှင့် အတူပရိသတ်များ စိတ်အေးစေရန် တင်ပြရပါသည်။ )
No comments:
Post a Comment