Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 11, 2014
"ဣတ္တိယလိင်မဟာနံရံကြီး"
ယူကေအခြေစိုက်ပန်းပုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်းပန်းပုအကြောင်းပြောပြချင်ပါတယ်။
ဂျေမီမက်ကာတနေဆိုတဲ့ ပလတ်စတာပုံသွင်းပန်းပုပညာရှင်ဆယ်စုနှစ်တစ်ဝက်လောက်အချိန်ယူပြီး အမျိုးသမီး၄၀၀လောက်ရဲ့ ဣတ္တိယလိင်ကို ပုံစံယူခဲ့ပါတယ် တဲ့။
အသက်အရွယ်က ၁၈နှစ်ကနေ ၇၆ နှစ်အရွယ်ရှိတဲ့အမျိုးသမီးရွယ်စုံဆိုဒ်စုံရဲ့ ပုံစံတွေဖြစ်ပါတယ်။
အမွှာတွေရဲ့ ပုံစံ၊လိင်ပြောင်းခွဲစိတ်ထားသူ၊ကိုယ်ဝန်ဆောင်နေစဉ်၊မွေးဖွားပြီးအချိန်စသဖြင့်ထောင့်စုံကနေ ပုံစံယူခဲ့ပါတယ်တဲ့။
ပန်းပုအနုပညာရှင်မက်ကာတနေက ဒါပုံသွင်းထားတဲ့   အမျိုးသမီးလိင်ပုံစံတွေ ဟာလိင်စိတ်နှိုးဆွဖို့ အတွက် အပြာရုပ်ပုံတွေမဟုတ်ပဲ ဣတ္တိယလိင်ပုံစံပန်းပုသက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေဟာသူတို့ ရဲ့ ဣတ္တိယလိင်ပုံပန်းသွင်ပြင် နဲ့ ပတ်သက်ပြီးတော့လည်းစိုးရိမ်မှုရှိကြတယ်လို့  သူ ကထပ်ပြောပါသေးတယ်။
ဒီစာမျက်နှာမှာတော့ ဓာတ်ပုံတွေမဖော်ပြတော့ပါ။
အမျိုးသမီးများထံမှ ပုံစံယူနေပုံ၊ပန်းပုပြီးတဲ့အခါစုဆောင်းထားတဲ့ပုံစံအမျိုးမျိုး စသည်တို့ ကို
စိတ်ဝင်စားသူများအောက်ပါလင့်ကလစ်ပြီး သွားရောက်ကြည့်ရှုနိုင်ကြပါကြောင်း။
the melting pot 4 U
http://www.huffingtonpost.com/2014/01/08/the-great-wall-of-vagina_n_4556309.html
No comments:
Post a Comment