Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

အဖေ ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်အတိုင်း သွားနေပါတယ်လို့ ဆိုတဲ့ ထိုက်စံမော့စ်

အကယ်ဒမီ မော့စ်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ထိုက်စံမော့စ်နဲ့ တွေ့ဆုံခိုက် အနုပညာအပေါ်ထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေနဲ့ အနုပညာအပေါ်သူ့ရဲ့ သဘောထားတစ်ချို့ကို မေးကြည့်ဖြစ်တဲ့အခါ သူက ‘ဒီလောကထဲကို ၀င်ဖြစ်ခဲ့တာက ကျွန်တော်ကိုယ်တိုင်ကလဲ အရမ်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာ ဒီအနုပညာပေါ့။ အဲဒီမှာ အဖေကလဲ အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် ဒီအလုပ်နဲ့လဲ မစိမ်းခဲ့ဘူး။ ပြီးတော့ အဖေကိုယ်တိုင်က ဒီလောကသား တစ်ယောက်ဖြစ်တဲ့အတွက် သဘောတူတယ်။ ပြီးတော့ ကျွန်တော်ရဲ့ဝါသနာကလဲ အနုပညာပိုးအခံရှိတော့ လုပ်ဖြစ်သွားတာပေါ့။ တချို့ဆို ၀ါသနာပါပေမဲ့ အိမ်က သဘောမတူတာမျိုး ရှိတယ်လေ။ ကျွန်တော်ကျတော့ အိမ်ကလဲ သဘောတူတယ်။ ကိုယ်တိုင်လဲ ၀ါသနာပါတဲ့အတွက် ဒီအလုပ်ကို ဇောက်ချလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ အနုပညာသမားတွေဟာ ကောင်းတာလုပ်ရင် နာမည်ကောင်းထွက်မယ်။ မကောင်းတာလုပ်ရင် နာမည်ဆိုးထွက်မယ်။ ၂ ခုပဲရှိတယ။် ဒါပေမဲ့လို့ တစ်ခုရှိတာက ဒီအလုပ်က အချိန်သတ်မှတ်လို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် သာမာန်သူတွေထက်တော့ လွတ်လပ်ခွင့် ဆုံးရှုံးတယ်လို့တော့ပြောလို့ရပါတယ်’တဲ့။
ရှုပ်ထွေးတယ်လို့ပြောကြတဲ့အနုပညာလောကနဲ့ပတ်သတ်ပြီးတော့လဲ ‘ရှုပ်ထွေးတာက ကိုယ်မရှုပ်အောင်နေရင် ရပါတယ်။ ဒီလောကထဲကို ၀င်လာကာစတုန်းကဆို လောကရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံရတယ်။ ဒါပေမဲ့လို့အဖေက ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့အတွက် သူများတွေလောက်တော့ သိပ်မခံခဲ့ရပါဘူး။ အခု အဖေမရှိတော့တဲ့ နောက်ပိုင်းမှာတော့ အဖေ ချပေးခဲ့တဲ့လမ်းစဉ်အတိုင်း သွားနေတဲ့အတွက် ရိုက်ခတ်မှုက ရှိတော့ရှိတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မဟုတ်ခဲ့ပါဘူး’လို့ သူက ပြောပြပါတယ်။
သူရွေးချယ်ရိုက်ကူးဖြစ်တဲ့ ဇာတ်ရုပ်တွေအကြောင်းကိုတော့ သူက‘အရင်ကတော့ ကျွန်တော် ကြိုက်တဲ့ဇာတ်တွေ ကျွန်တော်ရိုက်တာများတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ပရိသတ်နဲ့ကျွန်တော်နဲ့ကြားမှာ သူတို့အကြိုက်နဲ့ကျွန်တော့အကြိုက် သိပ်မတူလို့ ပြင်ပြီး ရိုက်ဖြစ်တယ်။ ဖိုက်တင်နဲ့ဟာသအပျော်လေးတွေ ပိုအားသာတယ။် အချစ်ကျတော့ သိပ်မလုပ်တတ်ဘူး။ အခုနောက်ပိုင်းမှာ ဇာတ်ရွေးရင် ဒါရိုက်တာပရိုဂျူဆာ၊ အမေနဲ့တိုင်ပင်ရွေးပြီး ပရိသတ်ကြိုက်တာလေးတွေကို ဦးစားပေးရိုက်ဖြစ်တယ်’တဲ့။

No comments:

Post a Comment