ဒီဇင်ဘာ ၃၁ ရက် နေ့လယ်က လမ်း ၄၀ တွင် နေထိုင်သူ ဝေါလုံးဝတန်း (ခ) မွတ်ရတားသည် မင်္ဂလာတောင်ညွန့်မြို့နယ်နေ သူငယ်ချင်းဖြစ်သူ ရခိုင်လေး (ခ) မျိုးမင်းထွန်းနှင့် အရက်အတူတူသောက်ခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ပြီး ဝေါလုံးဝတန်းအား ရခိုင်လေးက လက်သီးဖြင့်ထိုးပြီး ခြေထောက်ဖြင့် ကန်ခဲ့သည်။
““သူတို့က အရက်မူးပြီး ရန်ဖြစ်ကြတာ။ ရန်ဖြစ်ရင်း ထိုးလိုက်တာ လဲကျနေတဲ့အချိန် တစ်ယောက်က လည်ပင်းတက်နင်းမိသွားလို့ သေသွားတာ”” ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ယာချိုစောင်း ဖူးရောင်ဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်လေး(ခ) မျိုးမင်းထွန်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂ အရ လူသတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:
Post a Comment