Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်



ရန်ကုန်၊ ဇန်နဝါရီ ၂၉

နာမည်ကျော် တေးသံရှင်များ၏ ပရိသတ်ကြိုက် အချစ်သီချင်းကောင်း များစွာကို ခံစားနားဆင်ရမည့် ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်ပြုလုပ်သည့် Bo Bo Intertianment မှ ဦးဘိုဆန်းက The Voice သို့ ပြောကြားသည်။

ယင်းဂီတ ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး “အဲဒီနေ့ ဖျော်ဖြေပွဲက ချစ်သူများနေ့ကို ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တဲ့အတွက် တစ်ဦးချင်း သီဆိုဖျော်ဖြေမှုတွေအပြင် စုံတွဲသီချင်းတွေကိုလည်း နားဆင်ကြရမှာပါ။ ပွဲကို လာကြည့်ကြမယ့် ပရိသတ်တွေအတွက် ဒီပွဲကို စပွန်ဆာပေးထားတဲ့ G Shock နာရီတွေ မဲဖောက်ပေးပါမယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ Snare၊ နိုင်းဝမ်း၊ ဟဲလေးတို့နှင့် အမျိုးသမီး တေးသံရှင်များ ပါဝင်သွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းကို ၆၅၀၀ ကျပ်သတ်မှတ်ထားပြီး City Mart ဆိုင်ခွဲများနှင့် Bo Bo Music Production တို့တွင် မကြာမီ စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဦးဘိုဆန်းက ပြောကြားသည်။
“ဒီပွဲလေးက ချစ်သူများနေ့မှာ လုပ်တာဖြစ်တဲ့အတွက် ကျွန်တော် ရှိုးပွဲတွေမှာ ဆိုနေကျ သီချင်းတွေထက် အဲဒီနေ့နဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေကို မြူးကြွတဲ့ Performance လေးတွေနဲ့ တွဲပြီးတင်ဆက်ဖို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့လေးကို လူငယ်ပရိသတ် ချစ်သူစုံတွဲလေးတွေ အားလုံးပျော်ရွှင်စွာ ဖြတ်သန်း နိုင်ကြပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်” ဟု ယင်းပွဲတွင် ပါဝင်သီဆိုမည့် တေးသံရှင်ဘန်နီဖြိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment