Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

ရင်ခွင်ပိုက်ကလေးနှင့် မိခင်လဲကျရာမှ သစ်ငုတ်တိုနှင့် ဆောင့်မိပြီးမိခင်ရောကလေးပါသေဆုံး



30-1-2014

စုံစမ်းစစ်ဆေးချက်များအရ မသင်္ကာသူ လူသတ်မှုဖြင့် တရားစွဲဆို

ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့နယ်ခွဲ ကျူတောကျေးရွာနေ စောမုန်တိုင်း၏ အုန်းခြံအတွင်း၌ ဇန်န၀ါရီ ၁၈ ရက်က ၎င်း၏ဇနီး နော်ဖိုးမူဆီ ၃၁ နှစ်နှင့် ရင်ခွင်ပိုက် သုံးလအရွယ် ၎င်း၏သား စောထူးလေးတို့သားအမိသည်၎င်းတို့၏ အုန်းခြံအတွင်း၌ ခြေချော်လဲကျရာမှ သစ်ငုတ်တိုနှင့် နော်ဖိုးမူဆီ မျက်နှာကိုဆောင့်မိသွား၍ ရင်ခွန်ပိုက်ထားသောကလေး ပြုတ်ကျ၍ မြေကြီးနှင့်ဦးခေါင်းရိုက်မိသည့် ဒဏ်ရာဖြင့် မိခင်နှင့်ကလေးပါ သေဆုံးကြောင်း သတင်းရရှိသည်။

ထိုကြောင့် ရွှေသောင်မြို့နယ်ခွဲ ရဲစခန်းမှ ဒုရဲအုပ် ဌေးအောင်၏ တိုင်တန်းချက်အရ သေမှုသေခင်းအမှတ်-၁/၂၀၁၄ ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်ရာတွင် သေဆုံးသူနော်ဖိုးမူဆီ မျက်နှာဝဲဘက် ညိုမဲဖူးယောင်ဒဏ်ရာ ၊ ယာမျက်နှာ ညိုမဲဖူးယောင်ဒဏ်ရာ နားရွက်ကွဲအက်ဒဏ်ရာ ၊ လည်ပင်းညိုမဲဒဏ်ရာများဖြင့် သွေးနုသားနုသေဆုံးခြင်းဖြစ်သကဲ့သို့ ရင်ခွင်ပိုက်သား စောထူး သုံးလ၏ ဦးခေါင်းနောက်စေ့ညိုမဲဒဏ်ရာ ၊ ယာနားရွက်အောက် ညိုမဲဒဏ်ရာများ စစ်ဆေးတွေ့ရှိရ၍ ရွှေသောင်ယံမြို့နယ်ဆေးရုံသို့ ရဆေးစာဖြင့် ဆက်လက်စစ်ဆေးခြင်းပြုလုပ်ကြသည်။

အဆိုပါ စစ်ဆေးချက်ပြန်ကြားစာတွင် သေဆုံးသူနော်ဖိုးမူဆီ၏ မျက်နှာ၊ လည်ပင်းတွင် ရရှိသောဒဏ်ရာမှာပြင်းထန်သောကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ စောထူးလေး၏ ဦးခေါင်းခွံရိုးကွဲအက်မှုကြောင့် သွေးစိမ့်ဝင်ပြီး သေဆုံးခြင်းဖြစ်ရသည်ဟု ဆေးစာပြန်ကြားချက်အရ ရွှေသောင်ယံ မြို့နယ်ခွဲရဲစခန်းမှ ဒုရဲအုပ်ဌေးအောင်သည် သေမှုသေခင်းအမှတ် - ၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားခြင်းမှ (ပ)-၂၀၁၄/ ပြစ်မှုပုဒ်မ -၃၀၂ ဖြင့် ပြောင်း၍ မသင်္ကာသူ စောမုန်တိုင်း (ခ) စောသပွီး ၃၁ နှစ်အားဖမ်းဆီးအရေးယူ၍ ပုသိမ်ခရိုင်တရားရုံးမှ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိသည်။

ပုသိမ်လှကြည်

No comments:

Post a Comment