Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူပါဖမ်းဆီးရမိ


Wednesday, January 22, 2014

လားရှိုးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်(၅)အတွင်း အမှတ်(၉၆)နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူကို ဇန်န၀ါရီ ၂၀တွင် ဖမ်းဆီးရမိကြောင်း ၎င်းမူးယစ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ ရဲအုပ်ဇော်လင်းကျော် ဦးစီးအဖွဲ့ဝင်များသည် မူးယစ်သတင်းအရ သက်သေများနှင့် အတူ ရပ်ကွက်(၅)-၁၈/၁၉လမ်းကြား၊ ၄၆လမ်း၊ အမှတ်(၉၆)နေအိမ်အား ၀င်ရောက်ရှာဖွေရာ အိမ်တွင်တွေ့ရသော ဦးဒုံယင်တာအား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အကျီင်္အိတ်ကပ်အတွင်းမှ အအေးစုပ်ပိုက်ဖြင့် ထည့်ထားသော 88နှင့်1 စာတမ်းတစ်ဖက်စီးပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၁၅၁)ပြား၊ အလေးချိန်(၁၃.၅၉)ဂရမ် (တန်ဖိုးငွေကျပ်၃၀၂၀၀၀ကျပ်)၊ မူးယစ်ဆေးရောင်းရငွေဟု ယူဆရသော ငွေ(၃၀၀၀၀-)နှင့်အတူ ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ကြေးပိုက်တပ်လျက် ပုလင်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တွေ့ရှိသူ ဒုံယင်တာ (ကျား)၆၃နှစ် (ဘ)ဦးဒုံလီကွမ်း၊ ရပ်ကွက်(၅)(၁၈/၁၉)ကြား၊ ၄၆လမ်း၊ အိမ်အမှတ်(၉၆)လားရှိုးနေသူအား လားရှိုးမြို့မ ရဲစခန်း မယ(ပ) ၁၂/၂၀၁၄-မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁/၂၀(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

စိုးမင်းနိုင်
မြန်မာ့ခေတ်

No comments:

Post a Comment