ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်နေသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ကြိုပွိုင်စနစ်ဖြင့် ရောင်းချပေးရန်အတွက် လာရောက်လျှောက်ထားခွင့်ပြုပြီးဖြစ်ရာ အခန်းဝယ်ယူနိုင် သူများသာလျှင်နေထိုင်ရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာဌာန (အဆောက် အအုံမှ)မှ အရာရှိတစ်ဦးကပြောသည်။
““လျှောက်လွှာမှာကတည်း ကနေထိုင်မယ့်သူရဲ့နာမည်တွေ လိုအပ်တဲ့အချက်အလက်တွေ အကုန်ဖြည့် ခိုင်းထားတယ်။ နေထိုင်ခွင့်ရတဲ့သူက အငှားချထားတာတို့ ပြန်ရောင်း စားတာတို့ လုပ်လို့မရ ဘူး။ တွေ့ရင်တော့အရေးယူမယ်။ တကယ်လို့ လွန်လာရင်တော့ အခန်းသိမ်းတဲ့ အထိအရေးယူရင်ယူရမှာပေါ့””ဟု အဆိုပါအရာရှိကပြောသည်။ လက်ရှိတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၌ မြန်မာဗီပိုင်ကုမ္ပဏီနှင့် ၂ နှစ်စီမံကိန်းအဖြစ် ပူးပေါင်းဆောက်လုပ်နေသည့် ဗိုလ်ဗထူးအိမ်ရာစီမံကိန်းမှ အခန်းများကို ကြိုပွိုင့်စနစ်ဖြင့်ဝယ်ယူလိုသူများအနေဖြင့် ဇန်န၀ါရီလကုန်အထိ လျှောက်ထားနိုင်သည်။ ထိုအခန်းများကို လျှောက်ထားသူများပြားနေကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သတင်းရရှိသည်။ ဆောက်လုပ်နေဆဲဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာစီမံကိန်းနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းများကို ၄ နှစ်အရစ်ကျ ရောင်းချပေးမည်ဖြစ်သောကြောင့် စိတ်ဝင်စားမှုများပြားနေခြင်းဖြစ်ပြီး အရစ်ကျဝယ်ယူရာတွင် တိုက်ခန်းဈေးနှုန်၏ ၃၀ ရာခိုင်နှုန်းစတင်ပေးသွင်းရပြီးတစ် လလျှင် ကျပ်ငါးသိန်းကျော်အရစ်ကျပေးသွင်းရမည်ဖြစ်သည်။
ဇန်န၀ါရီ ၁ရက်မှစတင်၍ လျှောက်ထားနိုင်သည့် ဗိုလ်ဗထူးအိမ်ရာစီမံကိန်းတွင် အခန်းတစ်ခန်းလျှင် စတုရန်းပေကိုးရာအကျယ်အ၀န်းရှိသည့် အဆောက်အအုံ ၁၀လုံး၊ စုစုပေါင်းအဆောက်အအုံ ၁၄လုံးနှင့် အိပ်ခန်းပေါင်း ၄၄၈ခန်းပါဝင်မည်ဖြစ်သည်။ အဆိုပါတန်ဖိုးမျှအိမ်ရာစီမံကိန်းဟုဆိုသော စီမံကိန်းမှာ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်၂၃၇သိန်းအထိရှိပြီး အစိုးရ၀န်ထမ်းများနှင့်ကုမ္ပဏီဝန်ထမ်း များဖြစ်ပါက အကြီးအကဲ၏ ထောက်ခံချက်လိုအပ်သည်။ ၀န်ထမ်းများအနေဖြင့်တစ်လလျှင် ကျပ်ငါးသိန်းကျော်အရစ်ကျပေး သွင်းရမည်ဖြစ်၍ ခက်ခဲမှုများရှိခြင်းကြောင့် ၀ယ်ယူနိုင်မည်မဟုတ်ကြောင်း ၀န်ထမ်းတစ်ဦးက ပြောသည်။
Author: ဆွေမွန်
7day Daily

No comments:
Post a Comment