Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

ရေနွေးမှ နှင်းဖြစ်အောင် ကစားသူ ၅၀ ကျော် အပူလောင်

ရေနွေးပွက်ပွက်ဆူကို အေးစက်သော လေထုထဲသို့ ပက်ဖျန်းလိုက်လျှင် ချက်ချင်း နှင်းပွင့်များအဖြစ်သို့ ပြောင်းလဲသွားစေသော ကစားနည်း ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ အချို့ပြည်နယ်များတွင် သုညမှတ်အောက်အထိ ရာသီဥတု အေးစက်ခဲ့ပြီးနောက် ရေနွေးမှ ချက်ချင်း နှင်းဖြစ်သွားအောင် ကစားနည်းကို လူအတော်များများ လုပ်ကြရာမှ အယောက် ၅၀ ကျော် ရေနွေးပူလောင် ဒဏ်ရာရရှိခဲ့ကြောင်း
သတင်းများတွင် ဖော်ပြနေပါသည်။
နယူးယောက်မြို့တွင် နှင်းကျပြီးနောက် ရေခဲနေသော လမ်းပေါ်မှာ အမျိုးသမီးတစ်ဦး ချော်လဲနေပုံ ဖြစ်ပါသည်။နယူးယောက်မြို့တွင် နှင်းကျပြီးနောက် ရေခဲနေသော လမ်းပေါ်မှာ အမျိုးသမီးတစ်ဦး ချော်လဲနေပုံ ဖြစ်ပါသည်။
အလွန်အေးစိမ့်နေသော လေထုထဲသို့ ရေနွေးပွက်ပွက်ဆူကို ပက်ဖျန်းလိုက်လျှင် ချက်ချင်း နှင်းပွင့်များအဖြစ် ပြောင်းလဲသွားသည့် ကစားနည်းကို ရှေးကတည်းက လုပ်ခဲ့ကြသော်လည်း ယခု သမိုင်းစံချိန်တင် အအေးဆုံး ရာသီဥတုတွင် အခြားလုပ်စရာမရှိပဲ ပျင်းနေသူများ လုပ်နေကြသည်။ "ရေနွေးအိုးကို လေထဲ ပက်ထည့်လိုက်၊ ဒါကို အရမ်းမိုက်တယ်လို့ ကလေးတွေက ထင်ကြတယ်" ဟု မီနီယာပိုလစ်စ်မြို့၊ WCCO-TV မှ သတင်းအစီအစဉ်မှူး ဂျေဆင် ဒီရုရှာက ပြောကြားသည်။
သို့သော်၊ ဤနည်းဖြင့် ကစားသူ လူ ၅၀ ကျော်သည် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ သူငယ်ချင်းများကို ဖြစ်စေ၊ ရေနွေးပူလောင်စေခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
"ကျနော် ဒီနေ့ ဆေးရုံ အရေးပေါ်လူနာဌာနမှာ တာဝန်ကျပါတယ်။ အဲဒီအမျိုးသမီးက ရေနွေးပူကို လေထဲ ပက်ဖို့လုပ်ရင်း အဆင့် ၂ ပြင်းထန်တဲ့ အပူလောင် ဒဏ်ရာရရှိခဲ့တယ်" ဟု ဆေးရုံအမှုထမ်းတစ်ဦးက ပြောကြားသည်။
"ကျနော် ရေနွေးကို လေထဲပက်လိုက်တဲ့ အချိန်မှာပဲ လေကြောင်းက ရုတ်တရက် ပြောင်းပြီး ကျနော့ဖက်ကို ရေနွေးတွေ ကျလို့ လက်တွေကို အပူလောင်သွားတယ်။ ခုထက်ထိ ဘာမှ မကိုင်နိုင်ဘူး" ဟု ကိုယ်တိုင် အပူလောင်ခံရသူ တစ်ဦးက ဆိုသည်။ ယခု ရာသီဥတုသည် လေပွေပါ တွဲပါသဖြင့် လေကလည်း အမျိုးမျိုး တိုက်ခတ်နေပါသည်။
အလုပ်၊ ကျောင်းများ ပိတ်ထားသဖြင့် ပျင်းနေသူများ၊ ကလေးများသည် ရေနွေးပူကို နှင်းဖြစ်အောင် လုပ်ခြင်း၊ ဆပ်ပြာပူဖောင်းကို လေထဲမှာ ခဲသွားအောင် လုပ်ခြင်း၊ ကြက်ဥစိမ်းကို အပြင်တွင် ခဲစေခြင်း စသည့် အအေးဓာတ် ကစားနည်းအမျိုးမျိုးဖြင့် ကြံဖန် အပျင်းဖြေနေကြသည်။
http://www.thitsamyae.com/2014/01/blog-post_728.html

No comments:

Post a Comment