Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

၂ဝ၁၄ ခုနှစ်ကို လည်း လူပျိုကြီး ဘဝနဲ့ ဖြတ်သန်း သွား မှာပါ ဆိုတဲ့ စိုင်းစိုင်း ခမ်းလှိုင်

Hip Hop လောက တွင် နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်သည့် အဆိုတော် စိုင်းစိုင်း ခမ်းလှိုင်သည် ယခု နှစ်တွင် အိမ်ထောင် ပြုဖို့ အစီအ စဉ်မရှိ သေးကြောင်း ပြောပြ ခဲ့ပါတယ်။

ကျွန်တော် အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင် ပြုဖို့ အစီ အစဉ် မရှိသေး ပါဘူး။ ပရိတ်သတ် ကြီးအတွက် သီချင်း တွေကို ဆက်ပြီး ဖျော်ဖြေပေး သွားမှာ ပါ။

၁၆ ရက်နေ့ မှာလဲ ဂျပန် နိုင်ငံက နာမည်ကြီး အဖွဲ့ ဖြစ်တဲ့ WCO Dancer (Group) နဲ့လည်း မျှော်စင်ကျွန်းမှာ ဖျော်ဖြေဖို့ ရှိပါ တယ်။ ဖျော်ဖြေပွဲ မှာလဲ ကျွန်တော့် သီချင်း လေးတွေ ကိုပဲ ပြန်ဆို မှာပါ။ ပရိသတ်ကြီး အတွက် အကောင်း ဆုံး ဖျော်ဖြေ နိုင်အောင် ပြင်ဆင်ထား ပါတယ်ဟု စိုင်းစိုင်းက ပြောပြခဲ့ သည်။

New Year ကိုလည်း ကန်တော်ကြီး မျှော်စင် ကျွန်းတွင် ပရိသတ်များ နှင့်အတူ ရှိခဲ့ သည်။ လာမည့် ဖေဖော်ဝါရီ ၁၄ ချစ်သူများ နေ့အတွက်ကို လည်း စတိတ်ရှိုး လုပ်ပြီး ပရိ သတ်များကို ဖျော်ဖြေ သွားမည်ဆို သည်ကိုလည်း ''ကျွန်တော် ချစ်သူများ နေ့မှာ စတိတ်ရှိုး လုပ်မယ်။ ကျန်တာ တော့ဘာမှ ထွေထွေ ထူးထူး မရှိ ပါဘူး။ အဲဒီ နေ့ကျရင် ချစ်သူ စုံတွဲ တွေအတွက် ဖျော်ဖြေပေး မှာပါ။ ဒါကကျွန်တော့် အလုပ်ပဲ လေ'' ဟု စိုင်းစိုင်းက ပြောပြခဲ့ သည်။

စိုင်းစိုင်း ခမ်းလှိုင်သည် လတ်တ လောတွင် ဒါရိုက်တာ ဝိုင်း၊ မင်းသမီး ဖွေးဖွေး တို့နှင့် အတူ ရုပ်ရှင် ဇာတ်ကား တစ်ကားကို စတင်ရိုက် ကူးနေပြီ ဖြစ်ကြောင်း သိရသည်။

Credit: Myawaddy

No comments:

Post a Comment