Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

နော်မေသူသူဇော် သေဆုံးသည့် နေ့ မှ ဖြစ်စဉ်များ

Written By Åüñg Kÿáw Sôë on Thursday, January 23, 2014 | 11:34:00 AM

  19.4.2013
11:00 PM အစောပိုင်းကပင် ရဲမင်းဦးထံမှဖုန်း ခဏခဏ လာနေခဲ့သည် မသူအားသူ၏မွေးနေ့သို့လာရောက်ရန် မရမကခေါ်နေလေ၏ အစပိုင်းတွင် မသူကမလာနိုင်ကြောင်း ပြောခဲ့သည် နောက်ပိုင်းတွင် ခဏခဏ ဖုန်းဆက်နေသောကြောင့် လာမည်ဟုပြောလိုက်သည် ရဲမင်းဦးလာခေါ်ခဲ့သည် ၎င်းပြောပြချက်မှာ သူသည်လှိုင်သာယာဘက်မှ လာသည် သူကိုယ်တိုင်မောင်းနင်လာသည် ဘေး၌သူ၏ အကို ပါကြောင်း တရားရုံး၌ထွက်ဆိုခဲ့သော်လည်း မျက်မြင်သက်သေများ၏ပြောပြချက်အရ ကားကိုရဲမင်းဦးမောင်းလာသည် သို့သော် မြို့ထဲဘက်မှလာပြီး မသူအားခေါ်၍ လှိုင်သာယာဘက် သို့မောင်းနင်သွားခဲ့သည် ဘေးတွင်လည်း သူအကိုလို့ပြောသူမဟုတ်ပဲ အသက်လေးဆယ် အသားမဲမဲ ဝဝလူလတ်ပိုင်း အရွယ် လူတဦးပါလာသည်
မသူထို့နေ့က ဝတ်ဆင်ခဲ့သော အဝတ်အစားပုံစံမှာ ဂါဝန် နို့နှစ်ရောင် ဒူးပေါ် နောက်ကျောလယ်ထိဟိုက် ဝတ်ဆင်ခဲ့သည် ရဲမင်းဦးပြောပြချက်အရ သူတို့ရွှေတိဂုံစေတီတော်သို့ သွားခဲ့ကြောင်း ပြောပြခဲ့သည် people's park & junction square သို့သွားခဲ့သည် ၎င်း၂နေရာသည် ဖြစ်နိုင်သော်လည်း ရွှေတိဂုံသို့သွားသည်မှာ မဖြစ်နိုင် အဘယ့်ကြောင့်ဆိုသော် မသူ၏အဝတ်အစားကြောင့်ဖြစ်သည် CCTV များတောင်းကြည့်သော်လည်း အားလုံး delete လုပ်ထားကြောင်းပြောသည် မသူမှရဲမင်းဦးအတွက် junction square ၌ ဝယ်ပေးခဲ့သော အရုပ်၏ပြေစာ တောင်းသော်လည်းမရရှိပါ ထိုစကားအားလုံးသည် ရန်ကုန်တိုင်းရဲမှူး အင်းစိန်စခန်းမှူး တို့ပြောကြားချက်ဖြစ်သည် ထိုနေ့၌ ရဲမင်းဦးကားဖြင့် သွားသည် ကားကိုမြေနီကုန်း၌ရပ်ခဲ့သည် ကားကိုသူ့အကိုဆိုသူ နှင့် ထားခဲ့သည် သူတို့လျှောက်သွားသည်ကို မစောင့်နိုင်ပါသောကြောင့် သူ့အကိုက ကားဖြင့် အိမ်ပြန်ခဲ့သည် ရဲမင်းဦးနှင့်မသူ ပြန်လာသောအခါ ကားမရှိသောကြောင့် Taxi ဖြင့် junction square သွားခဲ့ သည် အရုပ်ဝယ်ပြီးသောအခါ taxi နဲ့ မြေနီကုန်းဘက်မှ ပတ်၍ စော်ဘွားကြီးကုန်းကို သွားခဲ့သည် ရဲမင်းဦး၏ ထွက်ဆိုချက် ဖြစ်သည် စော်ဘွားကြီးကုန်းမှ မသူသည် မိမိမိဘအရင်းနေအိမ် မှော်ဘီသို့ ပြန်ရန်ဖြစ်သည် ရဲမင်းဦးပြောချက်အရ စော်ဘွားကြီးကုန်းသို့ ရောက်ရှိချိန်မှာ ည ၇ ခွဲ ရှိနေပြီဖြစ်သည် ထိုအချိန်သည် မိန်းကလေး တစ်ယောက် အတွက် ကားစီးရန် မသင့်တော်တော့ ရဲမင်းဦး၏ပြောချက်အရ မသူသည် ၇နာရီ ၄၅ မိနစ် လောက် ၌ မှော်ဘီ တိုက်ကြီး Hilux ကားငယ် နောက်ခန်း မှ စီး၍ ပြန်ခဲ့သည် ( မသူသည် ဘယ်လောက်ပဲ ကားပေါ်၌ လူမပါ လည်း မှော်ဘီသို့ပြန်တိုင်း ခေါင်းခန်းကသာ အမြဲ စီးသောသူ ဖြစ်သည်) စဉ်းစားစရာမှာ ၇နာရီ၄၅ မှာ ကားပေါ်သို့ ပါသွား ပြီး 19.4.2013 8:30PM အောင်ဇေယျတံတားအလယ်၌ မသူ၏အိတ်ကို တွေ့ခဲ့သည် ၁၅မိနစ် အတွင်း စော်ဘွားကြီးကုန်းမှအောင်ဇေယျတံတား သို့ ရောက်နိုင်မည် လား မြန်မာနိုင်ငံ၏လမ်းပိတ်မှု အတိုင်းအတာအရ လုံးဝမဖြစ်နိုင်ပါ အရာရာအားလုံးကို စပ်ဆက်ပြီးစဉ်းစားကြည့်ပါက ထူးခြားမှုများရှိနေသည်
 
 Khanmon Htwe.
http://www.news-myanmar.com/2014/01/blog-post_5791.html 

No comments:

Post a Comment