Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

တစ်ချက်နှိပ်လိုက်ရုံနှင့် အဓိပ္ပါယ်သိနိုင်မည့် အွန်လိုင်းအဘိဓါန်


Conficker| တနင်္လာနေ့၊ ဇန်နဝါရီလ ၂၇ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။အင်္ဂလိပ်စာဖတ်တဲ့သူ အတော်များများဟာ အဘိဓါန်တွေ ဆောင်ထားတတ်ကြပါတယ်။ ခုနောက်ပိုင်း အင်တာနက်မှာ စာဖတ်ကြသူတွေ ကတော့ ကိုယ်ဖတ်နေတဲ့ စာက တစ်ခု၊ အဘိဓါန်အတွက်က သီးသန့် ဝဗ်ဆိုက်တစ်ခု(ဥပမာ dictionary.reference.com) ဖွင့်ပြီး အဓိပ္ပါယ်တွေ ရှာဖွေရတာဖြစ်ပါတယ်။ အချိန်ကုန်သလို အင်တာနက် မြန်နှုန်းပေါ်မှာလည်း မူတည်သေးတာမို့ စာတစ်လုံးကို တစ်ကြိမ်ရှာဖွေရတာ မလွယ်လှပါဘူး။

Google Dictionary

ဒါပေမဲ့ အခု Web App လေးကတော့ အပေါ်က ပြဿနာတွေကို မဖြစ်စေတော့ပါဘူး။ Google Dictionary လို့ခေါ်တဲ့ ဒီ App ရဲ့ အစွမ်းတွေကတော့ အင်္ဂလိပ်နဲ့ ရေးထားတဲ့ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ နောက်ဆုံးစာတစ်ကြောင်းပဲဖြစ်ဖြစ် ဖတ်နေစဉ်မှာ ကိုယ်မသိတဲ့စာလုံးကို ကလစ်နှစ်ချက်(Double Click) နှိပ်လိုက်ရုံနဲ့ အဝါရောင် Box ကလေးကျလာပြီး အလွယ်တကူ အဓိပ္ပါယ်ဖတ်ရှုနိုင်ပါတယ်။ ဝဗ်ဆိုဒ်တစ်ခုမှာ သွားပြီး သီးသန့်ရှာနေစရာ မလိုတော့ပါဘူး။

ဒီ့ပြင့် အဘိဓါန်တွေ ရှိနေသေးပေမယ့် ဒီ Google Dictionary လေးက အခြား Web App တွေထက် ပေါ့ပါးပြီး ရိုးရှင်းလွယ်ကူပါတယ်။ ဒီ အဘိဓါန်ကို အွန်လိုင်းအနေနဲ့ပဲ အသုံးပြုနိုင်ပြီးတော့ အွန်လိုင်းမရှိရင် (Offline) ဆိုရင်တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဒီ App ကို အသုံးပြုချင်တယ်ဆိုရင်တော့ အသုံးပြုတဲ့ Browser က Google Chrome ဖြစ်ရပါမယ်။ Download လုပ်ချင်တယ်ဆိုရင်တယ်ဆိုရင်တော့ Chrome Webstore ထဲမှာ Google Dictionary လို့ရှာပြီး Add လုပ်လိုက်ရုံပါပဲ။ ပြီးရင်တော့ Browser ရဲ့ Bookmark Bar အပေါ်မှာ ပုံလေးနဲ့ ပေါ်နေမှာပါ။ စာဖတ်နေရင်း မဟုတ်ဘဲ စကားလုံးတစ်လုံးကို သိချင်ရင်လည်း အဲ့ဒီပုံလေးကို နှိပ်လိုက်ရင် Search Box နဲ့ စာလုံးရှာဖွေတဲ့ Box ကလေးကျလာပြီး ကိုယ်လိုချင်တဲ့ စာလုံးကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment