Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ (ဓာတ်ပုံ)




တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ လာရောက်သည့် ပရိတ်သတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) တက်ရောက်လာသည့် ပရိတ်သတ် ငါးထောင်ခန့်ရှိသည်။

============================================

တောင်ကြီးမြို့ ကျောက်တစ်လုံးလမ်းတွင် ပရိတ်သတ်များ ပြည့်နေပြီ

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ကားကြီးတစ်စီးပေါ်၌ စင်ဆောက်ကာ ဟောပြောပွဲလုပ်မည်ဖြစ်ရာ ပရိတ်သတ်များ လမ်းနှင့်အပြည့် ရောက်နှင့်နေပြီဖြစ်ပြီး လမ်းပိတ်သွားပြီဖြစ်သည်။

ယခုဟောပြောမည့် နေရာသည် စစ်တပ်ပိုင်ကွင်းဟုဆိုကာ ခွင့်ပြုချက်မရသည့် အဝေရာ မီးပုံးပျံကွင်း၏ မြောက်ဘက်တွင် ကားကြီးပေါ်တွင် စင်ထိုးကာ ရွှေ့လျားစင်ပြုလုပ်ထားသည်။

Mizzima Burmese

ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတွင် ဟောပြောပွဲလုပ်ရန် လာနေပြီ
 လင်းခေး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ် တောင်ကြီး မြို့ကို ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်သည် ဇန်နဝါရီလ ၂၆ရက် နံနက် ၇နာရီခန့်တွင် လင်းခေးမြို့မှ ပြန်လည်ထွက်ခွာကာ လင်းခေးနှင့် မိုးနဲမြို့များတွင် ထိုမြို့မှ ဆရာတော်၊ သံဃာတော်များနှင့် တွေ့ဆုံကာ ဂါရဝပြုပြီး တောင်ကြီးမြို့ကို သွားနေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ကို ညနေ ၄နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း ဘေးရှိ ပုဂ္ဂလိကပိုင် မြေကွက်လပ်ကျယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

ဟောပြောပွဲအပြီးတွင် ဟဲဟိုးလေဆိပ်မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်ကာ ခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)




မီးပုံးပျံကွင်းဟာ တပ်ပိုင်ကွင်းဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်မှာ ကန့်ကွက်ခံရပေမယ့် မီးပုံပျံကွင်း အနီးက ပုဂ္ဂလိကပိုင် မြေကွက်လပ်မှာ ရွေ့လျားစင်မြှင့်ဖြင့် ညနေ ၃ နာရီတွင် မူလအစီစဉ်အတိုင်း လူထုထံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်...။ လိုအပ်ရင်ဒီနေရာမှာ သာမက မြို့ပေါ်ရှိ အခြားအဆင်ပြေနိုင်မည့် နေရာများသို့ပါ လှည့်လည်သွားရောက် တွေ့ဆုံဟောပြောနိုင်ရန် စင်မြင့်ကို ၁၂ ဘီးကားကြီး ပေါ်တွင် တောင်ကြီးသားများ စီစဉ်ထားသည်ကိုတွေ့ရစဉ်။ Ko Nay Myo (ဖေ့ဘုတ်) 

No comments:

Post a Comment