Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

ကန်ဒေါ်လာ ၂ မီလီယံကျော်ဖိုး လိမ်လည်ခဲ့သည့် မြန်မာကုမ္ပဏီ အား ပြည်ပကုမ္ပဏီ ၁၁ ခု သမ္မတရုံးသို့ တိုင်ကြားစာပို့

စင်ကာပူနိုင်ငံတွင် ရုံးခွဲဖွင့်ထား သည့် ပြည်တွင်းကုမ္ပဏီတစ်ခု က ပြည်ပ ကုမ္ပဏီ ၁၁ ခုအပေါ် ကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ တန်ဖိုးအထိ လိမ်လည်မှုပြုလုပ် သွားခဲ့သည်ဟုဆိုကာ အလိမ်ခံ လိုက်ရသည့် ပြည်ပကုမ္ပဏီများ က စုပေါင်း၍ နိုင်ငံတော်သမ္မတရုံး သို့ တိုင်တန်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းမှ တာဝန်ရှိသူတစ်ဦး က အသင်းထံသို့လည်း ကုမ္ပဏီ ၁၁ ခုက တိုင်ကြားခဲ့ကြောင်း ပြောသည်။
ပဲတင်ပို့ပေးမည်ဆိုကာ ကြိုတင် ငွေများကို ပြည်တွင်းကုမ္ပဏီ တစ်ခုက ရယူခဲ့ပြီး မပို့သည့်အတွက် ထိုသို့တိုင် တန်းခြင်းဖြစ်သည်ဟု တိုင်ကြားမှုမှတ် တမ်းများအရ သိရသည်။

ငွေအလိမ်ခံလိုက်ရသည်ဟု ဆိုသော စင်ကာပူနှင့်ဒူဘိုင်းအခြေစိုက် ကုမ္ပဏီများက ယင်းကိစ္စနှင့်ပတ်သက် ပြီး ပဲအသင်းတာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်း အပါအဝင် စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဦးစွာတွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။
''ဒါက ပဲလောကမှာ ဖြစ်လေ့ဖြစ် ထရှိတဲ့ ကြားနေရတဲ့ကိစ္စတစ်ခုပါပဲ။ မရိုးနိုင်ပါဘူး။ အမြဲပဲကြားနေရတာ။ ဒီလိုတွေသာ ဖြစ်နေဦးမယ်ဆိုရင် ပြည် ပကုန်သည်တွေရဲ့ယုံကြည်မှုက ရေရှည် မှာ လျော့ကျသွားနိုင် မယ်။ဒီတစ်ခုတည်း နဲ့ပဲ လောကက ဆိုးရွားသွားနိုင်တယ်''ဟု တိုင်ကြားမှုကို လိုက်ပါဆောင်ရွက် ပေးနေသူတစ်ဦးက ဆိုသည်။

လယ်ယာထွက်ကုန် သီးနှံပစ္စည်း များထဲတွင် ပြည်ပပို့မှု အများဆုံးဖြစ် သောပဲမှာ ငွေလိမ်လည်သွားမှုပြဿနာ များရှိသည့် အတွက် ပြည်ပပို့ပဲကုန်သည် များ အထူးသတိထားကာ ရောင်း ဝယ် နေရသော သီးနှံတစ်မျိုးလည်း ဖြစ်နေ သည်ဟု ၄င်းကဆိုသည်။

''တိုင်တန်းမှုပဲရှိသေးတယ်။ ဆုံး ဖြတ်ချက်တော့ မရသေးပါဘူး''ဟု ၄င်း က ဆက်ပြောသည်။

ပြီးခဲ့သောလကတည်းက ပဲကုန် သည်ကြီးများနှင့် စက်မှုလက်မှု အသင်း ချုပ်တာဝန်ရှိသူတို့က ပြဿနာဖြစ်နေ သော ကုမ္ပဏီများကြား သိုသိပ်စွာစေ့ စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆင်ပြေမှု မရှိသည့်အတွက် သက်ဆိုင် ရာအာဏာပိုင်တို့ထံ တိုင်တန်းသည့် အဆင့်အထိသို့ ရောက်သွားခြင်းဖြစ် သည်ဟု သိရသည်။

မြန်မာက မည်သည့်နိုင်ငံမှ မရ သောအခွင့်အရေး (ကြိုတင်ငွေပေးချေ သောစနစ်)ရခဲ့သော်လည်း ထိုအခွင့် အရေးကို တလွဲအသုံးချကြသူအချို့ ကြောင့် ရနေသောအခွင့်အရေး ဆုံးရှုံး မည်ကို ပဲကုန်သည်အများစုက စိုးရိမ် စိတ်ဝင်လာကြကြောင်း သိရသည်။

''ပြည်ပမှာက ပဲတင်ပို့မှုကို သင်္ဘောပေါ်ရောက်မှ ငွေချေတာ။ ဒါ ပေမဲ့ မြန်မာက ကုန်ဘယ်ဆီနေမှန်း မသိဘဲနဲ့ကို ငွေကြိုရနေတာ။ ဒါကို တချို့က တလွဲလုပ်ကြတယ်''ဟု ပဲကုန်သည်ကြီးတစ်ဦးက ပြောသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလတွင် ပြည်ပသို့ပဲတန်ချိန် ၉ သိန်းကျော် တင်ပို့ခဲ့ပြီးဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment