Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

ပြည်သူလူထုနှင့် တွေ့ဆုံရန် ဇန်န၀ါရီ ၁၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့သို့ သွားရောက်မည်


၁၃.၁.၂၀၁၄၊ တနင်္လာနေ့

ကရင်ပြည်နယ် ပြည်သူလူထုနှင့် တွေ့ဆုံရန် ဇန်န၀ါရီ ၁၈ ရက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဘားအံမြို့နယ် NLD အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲကို ဇန်န၀ါရီ ၁၈ ရက်တွင် ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်းအတွင်း ကျင်းပမည်ဖြစ်ပြီး နောက်တစ်နေ့ ဇန်န၀ါရီ ၁၉ ရက်တွင် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း လူထုတရားပွဲဟောကြားရာ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအနီး ကပ္ပလီကျေးရွာသို့ သွားရောက်မည်ဖြစ်ပြီး လူထုတွေ့ဆုံပွဲကိုလည်း ဆက်လက်ကျင်းပဖွယ်ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း လူထုတရားပွဲဟောကြားခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ္ပလီကျေးရွာသည် ဘားအံမြို့နှင့် ၂၇ မိုင် ၄ ဖာလုံကွာဝေးပြီး ရွှေဂွန်းကျေးရွာနှင့် နှစ်မိုင်အကွာတွင်ရှိကာ ထိုစဉ်ကဗိုလ်ချုပ်အောင်ဆန်းအား ကပ္ပလီကျေးရွာမှ ကြိုဆိုဧည့်ခံသည့် ဒေသခံများဖြစ်သော ဦးတောကြက်ဖ၊ ဆရာမနော်ဒါး၊ ဦးရွှေချစ်တို့၏ သားစဉ်မြေးဆက်များမှာ အသက်ထင်ရှားရှိနေကြောင်း၊ ဗိုလ်ချုပ်စားချင်သည့် ကရင်ရိုးရာ တာလပေါဟင်းကိုဦးရွှေချစ်မှ ပိန္နဲသီး၊ ကြက်သားမုန်လာဥ တာလပေါနှင့် ငါးပိထောင်းခံတက်ချဉ်ဖတ်ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ဆရာမနော်ဒါး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment