Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

အကောင်းဆုံး သတင်းဆောင်းပါးရေးသူ မြန်မာဂျာနယ်လစ် ၆ယောက်ကို ဆုချီးမြှင့်

သတင်းဆောင်းပါး သင်တန်းတွေပေးခဲ့တဲ့ Yangon Media Initiatives –YMI က မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်နဲ့ အကောင်းဆုံး သတင်းဆောင်းပါး ၆ပုဒ်ကို ဇန်နဝါရီ ၁၃ရက်နေ့က ရွေးချယ်ပေးအပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ လုပ်ခဲ့တဲ့ သင်တန်း ၆ခုမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေက ပေးပို့တဲ့ ဆောင်းပါး ၄၈ပုဒ်ထဲက သတင်းဆောင်းပါးရဲ့ စံချိန်စံညွှန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အမှတ်ပေးစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သင်တန်းဆရာ ဦးရဲနိုင်မိုးက ဆိုပါတယ်။
အကောင်းဆုံး Feature Writing ဆုကို ပေါ်ပြူလာနယူးစ်က မေဇင်ဝင်း၊ In-depth Reporting ဆုကို မော်ကွန်း မဂဇင်းက ခင်မောင်မြင့်၊ Feature Story Idea ဆုကို 7 Day က အေးသူစံ၊ Untold Story ဆုကို 7 Day က ငြိမ်းချမ်း၊ Field Reporting ဆုကို True News က စောလင်းထက်နဲ့ Human Interest ဆုကို ကုမုဒြာဂျာနယ်က သက်စုအောင်တို့ ရရှိခဲ့ပါတယ်။
သမ္မတ၏အမျိုးသမီးကိုယ်ရံတော် ဆောင်းပါးနဲ့ Feature Story Idea ဆုရခဲ့တဲ့ အေးသူစံက ကိုယ်ရံတော်အမျိုးသမီးနဲ့ အင်တာဗျူးရဖို့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
နယူးဧရာဟိုတယ်မှာကျင်းပတဲ့ ဒီဆုပေးပွဲကို YMI နဲ့အတူ ပျိုးပင်အဖွဲ့တို့ ပူးပေါင်းချီးမြှင့်တာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း သင်တန်းနဲ့ ဆုရွေးချယ်ရေးတွေ ဆက်လက်လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
Kamaryut Media

No comments:

Post a Comment