Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 31, 2014

ရခိုင်ပြဿနာ အစိုးရက ဘက်လိုက်နေရင် ယုံကြည်ထိုက်မှု မေးခွန်းထုတ်စရာဟု ဗြိတိန်ပြော

ရခိုင်ပြည်နယ် မောင်တောမှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရာမှာ ဘက်တစ်ဖက်တည်းမှာ ရပ်တည်နေမယ်ဆိုရင် မြန်မာအစိုးရအပေါ် ယုံကြည်ထိုက်မှုဟာ သံသယဖြစ်စရာရှိတယ်လို့ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူဂို ဆွားက ဇန်နဝါရီ ၃ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မောင်တောမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီးမှ စုံစမ်းစစ်ဆေးရေးလုပ်မယ် လို့ မြန်မာအစိုးရက ပြောလာတာကြောင့် ပြဿနာဖြစ်ခဲ့တယ်ဆိုတာ သေချာတဲ့အကြောင်း၊ ဒါကို ဖော်ထုတ်ရာမှာ ကျယ်ပြန့်တဲ့အသိုင်းအဝိုင်း ပါဝင်မှုရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဗြိတိသျှကောင်စီမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)ဟာ ၁၉၄၇နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာလည်း မပါဝင်ဘဲ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ကန့်သတ်ချက်ဖြစ် တယ်လို့ ပြောဆိုလိုက်ပြီး ဒါကို မပြင်ပေးရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုခဲ့ပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲမရှိဘဲနဲ့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုဟာ ယုံကြည်ထိုက်မှုမရှိဘဲ သံသယတွေသာ ဖြစ်လာစေမှာလို့ ဒုတိယဝန်ကြီး ဟူဂို ဆွားက ရန်ကုန်မြို့မှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment