ရန်ကုန်၊ ဇန်နဝါရီ ၁၆
အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းချိန်အတွင်း တိုင်းရင်းသားဘာသာ
သင်ကြားခွင့် ရရှိရေးအတွက် ဒေသအသီးသီးရှိ တိုင်းရင်းသား ကိုယ်စားလှယ်
ငါးရာနီးပါးက ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ရန်ကုန်မြို့
ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပွဲကျင်းပသည့်
နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) တာဝန်ခံ ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။
ယင်းတိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်မူဝါဒကို ၂၀၁၂ ခုနှစ်က
ရေးဆွဲထားပြီးသော်လည်း အသေးစိတ် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးပွဲ ပြန်လည်
ကျင်းပခြင်း ဖြစ်ကြောင်း၊ ယင်းမူဝါဒတွင် မူလတန်းအဆင့်၌ ဘာသာစကား
သုံးမျိုးအထိ သင်ကြားရန် ထည့်သွင်းထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ပညာရေးဝန်ကြီးဌာနဘက်က ကျောင်းပြင်ပမှာသင်မယ်၊ ကျောင်းချိန်မှာ သင်မယ်
အမျိုးမျိုး ဆွဲထားတယ်။ ကျွန်တော်တို့က ကျောင်းတိုင်း တစ်ပြေးညီ
သင်စေချင်တာ” ဟု ဒေါက်တာသိန်းလွင်က ပြောဆိုသည်။
ပညာရေးဝန်ကြီးဌာန
တာဝန်ရှိသူများက သူငယ်တန်းမှ ဒုတိယတန်းအထိ တိုင်းရင်းသား ကလေးငယ်များ
ဘာသာစကား သင်ကြားရာတွင် အခက်အခဲ မဖြစ်စေရန် အင်္ဂလိပ်ဘာသာကို တတိယတန်းမှ
စတင်သင်ကြားသွားမည် ဖြစ်ကြောင်းကို လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု
အကောင်အထည်ဖော်ရေး ကော်မတီ၏ အခြေခံပညာရေး မူဝါဒ (မူကြမ်း) တွင် ထည့်သွင်း
ရေးဆွဲထားပြီး လက်ရှိအချိန်အထိ အတည်ပြုချက် မရရှိသေးချေ။
ယင်းကြောင့် NNER က ဘာသာစကားသုံးမျိုး သင်ကြားနိုင်ကြောင်း စီမံချက်
အသေးစိတ်ရေးဆွဲရန် တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ဘာသာစကား ပညာရှင်များ
ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲ အစီရင်ခံစာများကို
ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်
ကယားပြည်နယ်တို့ရှိ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသား
ဘာသာစကားများကို ကျောင်းချိန် ပြင်ပတွင် သင်ကြားပေးလျက် ရှိသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 17, 2014
တိုင်းရင်းသားဘာသာ သင်ကြားခွင့်ရရေး ကိုယ်စားလှယ်ငါးရာကျော် ဆွေးနွေးမည်
တိုင်းရင်းသားဘာသာ သင်ကြားခွင့်ရရေး ကိုယ်စားလှယ်ငါးရာကျော် ဆွေးနွေးမည်
Reviewed by VC
on
January 17, 2014
Rating: 5
Reviewed by VC
on
January 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment