Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

" ဓာတ်ပုံရိုက်ကူးမှု အတွက် အနုပညာကြေး ဒေါ်လာ ၁ဝဝဝ ရခဲ့တဲ့ ဂုဏ်ရှိန်ဝင့်ထည် "


ဂုဏ်ရှိန်ဝင့်ထည်ကယာဉ် မတော် တဆမှုဖြစ်ပြီး ဒဏ်ရာရခဲ့တာ ကြောင့် အနုပညာအလုပ်တွေ နှစ်လ ကျော်နားခဲ့ရပြီး အခုအခါမှာတော့ သူ့ရဲ့ ‘ညှို့’ စီးရီး MTV တွေ ကို ပြန် ရိုက်နေပြီလို့ သိရပါတယ်။ သူ့ရဲ့MTV ကို ဖေဖော်ဝါရီလမှာ ထွက်ဖို့ စီစဉ်နေတယ်လို့ ပြောတဲ့ ဂုဏ်ရှိန် ဝင့်ထည်က နော်ဝေ ဓာတ်ပုံဆရာ နဲ့ ဓာတ်ပုံရိုက်ဖြစ် တယ်လို့ ဆိုတာ ကြောင့် မေးကြည့်တော့ “နော် ဝေက မဂ္ဂဇင်းနဲ့ အွန်လိုင်းမှာ အသုံးပြုဖို့ လာရိုက်တာပါ။ ပထမကတော့ နော်ဝေ မှာ သွားရိုက်မ လို့ပါ။ ဒါပေမဲ့ဓာတ်ပုံ ဆရာက မြန်မာ ပြည်လာ တာနဲ့ ရိုက်ဖြစ်သွားတာပါ။ ခပ်ဟော့ဟော့ ပုံစံလေးတွေပဲ ရိုက်ဖြစ်တာပါ။

အဲဒီ ဓာတ်ပုံရိုက်ကွင်းအတွက်တော့ ဂုဏ်ရှိန် ထုံးစံအတိုင်း အဝတ် အစားတွေ ကို သေချာပြင်ဆင်ရိုက်ကူးခဲ့တာပါ” လို့ ပြောတဲ့ ဂုဏ်ရှိန်ဝင့်ထည်က ဓာတ်ပုံ ရိုက်ကူးမှုအတွက် အနုပညာကြေး ဒေါ်လာ ၁ဝဝဝ ရရှိခဲ့တယ်လို့ သိရ ပါတယ်။ ဂုဏ်ရှိန်ဝင့် ထည် က ဒီဇန်န ဝါရီလထဲမှာပဲ ဘန်ကောက် မှာကြော်ငြာ သွားရိုက် ကူး ဖို့ရှိပြီးအဲဒီ ကြော် ငြာကသူဒဏ်ရာရ နေတာကြောင့်ခဏနား ထားရပြီး အခုမှ ပြန်ရိုက် ရတာလို့ ပြောပါတယ်။ သူ့ရဲ့ညှို့စီးရီး MTV ပရိုမိုးရှင်းအဖြစ် ဖေဖော် ဝါရီလ မှာစင်ကာပူကိုသွား ပြီးလုပ် ဖို့ရှိတယ် လို့ပြော တဲ့ဂုဏ် ရှိန်ဝင့်ထည်က သူ့အနေနဲ့ အနု ပညာ အလုပ် တွေကို အခွင့် အလမ်း သာတဲ့ ရန်ကုန်မှာ အ ခြေချ ဖို့ပြင် ဆင်နေ တယ် လို့ပြောပြခဲ့ပါ တယ်။

နေကွန်းထင်

No comments:

Post a Comment