Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

ကလေးငယ်များ မကြာခဏ ဝမ်းချုပ်ပါက ဆရာဝန်ပြသင့်

မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်မှာ သဘာဝအတိုင်း အလိုအလျောက် ဝမ်းမသွားနိုင်ပါ က ဆရာဝန်နှင့် ပြသသင့်ကြောင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးမွန်က ပြောကြားခဲ့သည်။

ကလေးငယ်များ သဘာဝ အတိုင်း ဝမ်းမသွားနိုင်ခြင်းမှာ အူမကြီးနံရံမှ အာရုံကြောများ အား နည်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ယင်းရောဂါကို Hirschprungဟု ခေါ်ပြီး ကလေး များတွင် အများဆုံးဖြစ်တတ်သော ရောဂါဖြစ်ကြောင်း သိရသည်။

''ကလေးတွေ သူ့အလိုအလျောက် ဝမ်းမသွားနိုင်တဲ့အတွက် မိဘတွေက ကလေးရဲ့ စအိုထဲကို ကွမ်းရိုးထည့်တာ၊ လက်ထည့်တာ၊ ချောဆီထည့်တာ စတဲ့နည်းတွေနဲ့ ဝမ်းချူ ကြတယ်။ ဒီလိုလုပ်တာက အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဒီနည်းတွေသုံးမဲ့ အစား ကလေးခွဲစိတ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလိုက်တာက ပိုကောင်းပါတယ်'' ဟု ၎င်းက ရှင်း ပြခဲ့သည်။

တချို့သော ကလေးများတွင် ကလေးဘဝကတည်းက ပုံမှန်အတိုင်း ဝမ်းမသွားနိုင်သော ပြဿနာကို လူကြီးဘဝရောက်သည် အထိ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဝမ်းချူ၍ နေထိုင်ကြသည်။ နောက်ပိုင်းတွင် ဝမ်းချူပြီး ဝမ်းအကုန်မသွားဘဲ အူမကြီးမှာ ကျဉ်းလာတတ်ပြီး မစင်နှင့် ထိတွေ့မှုများကာ ကျန်းမာရေး တဖြည်းဖြည်း ဆုတ်ယုတ်လာတတ်ကြောင်း သိရသည်။

ကလေးဆေးရုံတွင် ပုံမှန် ဝမ်းမသွားနိုင်သော Hirschprung ရောဂါသည်များမှာ တစ်လလျှင် နှစ်ဦး၊ သုံးဦးခန့် တွေ့ရတတ်ပြီး အသက် တစ်နှစ်အရွယ်မှ သုံးနှစ်အရွယ် အတွင်း အဖြစ်များလေ့ ရှိကြောင်း သိရသည်။

No comments:

Post a Comment