ရခိုင်လူမျိုးဖြစ်သည့် သရုပ်ဆောင် နေတိုးတစ်ယောက် ရခိုင်ပြည်နယ်အတွက် ပြုလုပ်သည့် အနုပညာ ဖျော်ဖြေပွဲများတွင်
ပါဝင်လာခြင်း မရှိသည့်အတွက် ရခိုင်လူမျိုးများက ဝေဖန်
စိတ်မကောင်းဖြစ်နေသည့်အပေါ် မေးမြန်းခဲ့ရာ နေတိုးက မွေးရပ်မြေအတွက်
ထုထည်ကြီးမားသည့် အနုပညာတစ်ရပ် ဖန်တီးရန် စီစဉ်ထားကြောင်း ၂၇-၁၂-၂၀၁၃
ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
“ရခိုင်ပြည်အတွက် လာရောက်ဖျော်ဖြေတဲ့
အနုပညာရှင်တွေနဲ့အတူ မပါဝင်ဖြစ်တာက စီစဉ်မှုတွေ မရှိလို့ပါ။ အဓိကကတော့
ကျွန်တော်တို့က ပရိုဂရမ်ဆွဲပြီးတော့ အလုပ်လုပ်ရတာဆိုတော့ တစ်ခါတစ်လေကျရင်
ကိုယ့်ဒေသမှာ သွားရောက် ဖျော်ဖြေတဲ့အခါကျရင် အချိန်အားဖြင့်
မလိုက်နိုင်တာမျိုးတွေ ရှိတယ်။ ခရီးဝေးရောက်နေတာမျိုးလည်း ရှိတယ်။
တစ်နေ့နေ့မှာတော့ ကိုယ့်မွေးရပ်မြေကို သွားပြီးတော့ အနုပညာနဲ့ ပတ်သတ်ပြီး
ကြီးကြီးမားမား အမှတ်တရဖြစ်စေမယ့် ထုထည်ကြီးမားတဲ့ အနုပညာတစ်ရပ် ဖန်တီးဖို့
စီစဉ်နေပါတယ်။ အခုချိန်မှာ ပွင့်လင်းမြင်သာစွာနဲ့ မိမိတို့
အမျိုးသားဘာသာနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရမယ့် အချိန်ဖြစ်တာကြောင့်
ရခိုင်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာပါ” ဟု ယင်းက ပြောကြားသည်။ နေတိုးက လက်ရှိတွင် အဆိုတော်ရိန်မိုးနဲ့ ပူးပေါင်း၍ ဖန်ဆင်းရှင်
တေးစီးရီးခွေကို ထွက်ရှိထားပြီး မကြာခင်နေတိုး၏ တစ်ကိုယ်တော်ခွေ ထွက်ရှိရန်
စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် တစ်ကိုယ်တော် ပန်းချီပြပွဲ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit : Pyi Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 4, 2014
မွေးရပ်မြေအတွက် ထုထည်ကြီးမားသော အနုပညာတစ်ရပ် ဖန်တီးရန် စီစဉ်သွားမည့် နေတိုး
မွေးရပ်မြေအတွက် ထုထည်ကြီးမားသော အနုပညာတစ်ရပ် ဖန်တီးရန် စီစဉ်သွားမည့် နေတိုး
Reviewed by VC
on
January 04, 2014
Rating: 5
Reviewed by VC
on
January 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment