Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

ကျုံးဘေးတွင်ဆန္ဒထုတ်ဖော်မှု ခွင့်ပြုမိန့်ရ ပြီ

ကတ်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်နှင့် ဘုန်းတော်ကြီးအချို့မှ မြေများနှင့်အိမ်များအား မတရားသိမ်း ယူထားသည်ဟု ဆိုကာ ကျုံးဘေးတွင် တရားဝင်ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာ နယ်မြေရဲစခန်း အား ခွင့်ပြုမိန့်တောင်းခံရာ ခွင့်ပြုချက်ရခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၁-၆၂လမ်းကြား၊ အမှတ်(၂၇) နေ၊ ဦး စောနောင် (၃၂)နှစ်၊ ဗမာ/ခရစ်ယာန်၊ ပုဂလိကကျောင်းဆရာ(ဘ)ဦးတင်ဝင်းမှ ၇၈-၂၆လမ်းထောင့်ကျုံးဘေး တွင် မန္တလေးကတ်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်နှင့်၊ ဘုန်းတော်ကြီးတစ်ချို့ တို့မှ သိမ်းယူထားသော မြေများနှင့်၊ အိမ်များ ပြန်လည်ရရှိရန်နှင့် အမြတ်ထုတ်မှုများကို ချက်ခြင်းရပ်ဆိုင်းပေးရန် ရည်ရွယ်ချက်ဖြင့် ယခုလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ အင်အား ၁၅ဦးဖြင့် ပြန်လည်ရရှိရေး စသောကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စုဝေးရေးအတွက် အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံ တင်ပြခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထား သည်။
သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ကန့်သတ်ချက်များဖြင့် ခွင့်ပြုမိန့်ပေးခဲ့သည်။ (က) ၂၁ရက်နေ့မနက် ၉နာရီမှ နေ့လယ် ၁နာရီအထိ ဆန္ဒထုတ်ဖော်ရန်။ (ခ) ၇၈လမ်း-၂၆လမ်းထောင့် ကျုံးဘေးတွင် ဆန္ဒထုတ်ဖော်ရန်။ (ဂ) အင်အား (၁၅)ဦးခွင့်ပြုသည်။ (ဃ) ငါးဦးတစ်တန်းနှုန်းဖြင့် တန်းစီရန် (င) အတန်းသုံးတန်းအား ပတ်လည်ကြိုးစည်းတားရန် (စ) ပါဝင်သူများ သောက်စားမူးယစ်ခြင်းမပြုရန် (ဆ) ထိခိုက်စေသော ဒုတ်၊ ဓါး၊ လက်နက်များကိုင်ဆောင်ခြင်းမပြုရန်။ (ဇ) သွားလာနေသူများ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်။ (ဈ) သတ်မှတ်ချိန်ပြည့်ပါက လူစုခွဲရန် တို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

No comments:

Post a Comment