
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်မည့် ပုဒ်မ ၁၈ကိုအပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန် ဆူးလေရှိ ဧမာနွေလ ဘုရားကျောင်းအနီးတွင် ညနေ ၃နာရီက စတင်နေပြီဖြစ်သည်။
ဆန္ဒဖော်ထုတ်ရန်အတွက် ၈၈မျိုးဆက်အဖွဲ့မှ ပုဂ္ဂိုလ်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀၀ခန့်က ဆန္ဒထုတ်ဖော်ရန် ဧမာနွေလ ဘုရားကျောင်းရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆူးလေပန်းခြံဘေးလမ်းလည်း ပိတ်သွားပြီဖြစ်သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် သတ်မှတ်ထားသည့် ပိုစတာ၊ ဗီနိုင်း၊ စာသားများနှင့် ကြွေးကြော်သံများကိုသာ အသုံးပြုရမည်ဖြစ်ပြီး သတ်မှတ်သည်ထက် ပိုမို အသုံးပြုပါက ကြီးကြပ်ရေးအဖွဲ့က တားမြစ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။
ဆန္ဒပြသူများက "နိုင်ငံသားအခွင့်အရေး အပြည့်အဝပေး" "နိုင်ငံရေးအရ ဖမ်းဆီးမှု ချက်ချင်းရပ်" "Freedom" ဟူသော ကြွေးကြော်သံများ၊ ပိုစကားများဖြင့် ဇန်နဝါရီ ၅ရက် ညနေ ၃နာရီမှ ၅နာရီအထိ ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။
ကြီးကြပ်ရေးအဖွဲ့တွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမာကီး၊ Generation Waveအဖွဲ့မှ ကိုကျော်ဦး၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျောက်သည့် အဖွဲ့မှ ကိုဇင်ကို၊ အကသအဖွဲ့မှ ကိသူကြီး(ခေါ်) ကိုစိုမိုး၊ ကသဖအဖွဲ့မှ ကိုမင်းမောင်နှင့် Peace Mission အဖွဲ့မှ ကိုဘိုဘိုကျော်တို့ ပါဝင်သည်။
Mizzima
No comments:
Post a Comment