Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ရွှေထည် သိန်း၅၀၀၀နီးပါး လူယက်ခံရကာ လူတစ်ဦးသေဆုံး


ရွှေစင်ခိုင်၊ စုမြတ်ဝေ၊ မျိုးသန့်| အင်္ဂါနေ့၊ ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ သိန်း ၄၅၀၀ကျော်တန်ဖိုးရှိ ရွှေထည်များကို သေနတ်နှစ်လက်ပါသော လူ ၆ ဦးက ဝင်ရောက်လုယက်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခု မိုးကုတ်မြို့ လူစည်ကားရာ အောင်ချမ်းသာ ဈေးအတွင်း၌ ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “မီလျံဆိုင်ရှင်ရဲ့ သားမက်က ပေါင်မှာ ဒဏ်ရာတစ်ချက်ရတယ်။ ရွှေဆိုင်နဲ့ မျက်စောင်းထိုးထောင့်လောက် နည်းနည်းခပ်လှမ်းလှမ်းက မှန်ဆိုင်ပိုင်ရှင် ထွက်ကြည့်လို့ဆိုပြီး
သေနတ်နဲ့ လှမ်းပစ်ခံရတာ။ သူကဆေးရုံးရောက်တော့ ဆုံးသွားတယ်” ဟု မဇ္ဈိမကို အတည်ပြုပြောသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁နာရီ ၄၅ နာရီ ဝန်းကျင်တွင် မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက် အောင်ချမ်းသာရပ် ပတ္တမြားဈေးအတွင်း ဈေးရှေ့ဘက်ခြမ်း ရွှေဆိုင်တန်းတွင် ဖွင့်လှစ်ထားသော နဂါးရွှေဆိုင်နှင့်
မီလျံရွှေဆိုင်အတွင်းသို့ မျက်နှာတွင် မတ်စ် တပ်ဆင်ထားသည့် အသက် ၃၀ခန့်အရွယ်ရှိ စကားဝဲသော လူ ၆ ဦးခန့်သည် ပစ္စတိုနှစ်လက်ကိုင်ဆောင်ကာ မိနစ် ၂၀ခန့်အကြာ လာရောက်လုယက်မှု ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ သတင်းထုတ်ပြန်သည်။

လုယက်သူများ၏ ပစ်ခတ်မှုကြောင့် ပတ္တမြားဈေးအတွင်း မှန်ဆိုင်ဖွင့်ထားသော အောင်ချမ်းသာရပ်နေ အသက် ၅၉ နှစ်အရွယ် ဦးထန်းဗဟာဒူးမှာ လက်မောင်းမှ ဘယ်ဘက်ရင်အုံ ဖောက်ဝင်သွားသော ဒဏ်ရာရရှိပြီး မိုးကုတ်မြို့ ကုတင် ၁၀၀ဆံ့ ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

မီလျံရွှေဆိုင်မှ ဆိုင်ရှင် အမျိုးသမီး၏ သားမက် အသက် ၂၉ နှစ်အရွယ် ကိုပြည့်ကျော်ကလည်း ဘယ်ဘက်ပေါင်တွင် သေနတ်ဒဏ်ရာရရှိသဖြင့် ကုတင် ၁၀၀ဆံ့ ဆေးရုံသို့ ပို့ပြီးကုသလျက်ရှိသည်။

အဆိုပါလုယက်မှုကြောင့် နဂါးရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်၊ မီလီယံရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၂ ပိဿာခန့် လုယက်ခံရသည်ဟု မြို့မရဲစခန်းက သတင်းထုတ်ပြန်သည်။

Aye Chan Mon# Credit To : Mizzima - News in Burmese> ပြန်လည် မျဝေခြင်း ဖြစ်ပါသ

No comments:

Post a Comment