Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

နိုင်ငံရေးမလုပ်ရ ကန့်သတ်ချက်မရှိလို့ ထောင်တွင်းအစာငတ်ခံဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသား ကျောင်းပြန်တက်ခွင့်ရ

ရေခဲ(ပြည်) | အင်္ဂါနေ့၊ ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။

ပြည်။ ။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၆ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ဖြင့်ဖမ်း ဆီးခံရပြီး ပေါင်းတည်ထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့သူ တက္ကသိုလ်ကျောင်းသား မောင်သန့်ဇင်ထက်ကို ကျောင်းတက်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ပြည်တတ္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်က ဇန်န၀ါရီ ၇ရက်က မဇ္ဈှိမသို့ပြောသည်။

တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးမလုပ်ရ ကန့်သတ်ချက်မရှိသဖြင့် ကိုသန့်ဇင်ထက်ကို ကျောင်းဝင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးမလုပ်ရလို့ ကန့်သတ်ချက်မရှိဘူး။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းပဲရှိမယ်။ အကျင့်စာ
ရိတ္တ ကောင်းမွန်ကြောင်းကတော့ တစ်ခြားကျောင်းသားတွေလည်း လိုတယ်။ အစည်းအဝေးဆုံးဖြတ်
ချက်အရ ကျောင်းဝင်ခွင့်ပြုလိုက်ပြီ”ဟု ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်က ဆိုသည်။

ဇန်န၀ါရီလ ၇ရက်က ပါမောက္ခချုပ်ဒေါက်တာသက်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း အပါအ၀င် ပြည်တက္ကသိုလ်ကျောင်းရှိ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်၍ကိုသန့်ဇင်ထက်ကို ကျောင်းဝင်ခွင့် ပေးရေး မပေးရေး ဆုံးဖြတ်ခဲ့ကာ ကျောင်းဝင်ခွင့်ရရှိသားခြင်း ဖြစ်သည်။

ကိုသန့်ဇင်ထက်သည် ဒုတိယနှစ် အင်္ဂလိပ်စာ ကျောင်းသားတစ်ဦး ဖြစ်ပြီး ကျောင်းတက်ခွင့်ရရေးအတွက်
ပြည်တက္ကသိုလ်သို့ ဒီဇင်ဘာလကပင် သွားရောက်လျှောက်ထားခဲ့ရာ ဇန်န၀ါရီလ ၇ရက်နေ့မှသာ
ကျောင်းတက်ခွင့်ရရှိသွားခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နှင့် ၃၁ရက်၊၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၁ရက်နှင့် ၆ရက်တို့တွင် ကျောင်းဝင်
ခွင့် သွားရောက်လျှောက်ထားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြစ်မှုမမြောက်ကြောင်း ထောက်ခံချက်၊ နိုင်ငံရေး
မလုပ်ကြောင်း၊ ကျေးရွာရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များကို ပြည် တတ္ကသိုလ်က တောင်းခံခဲ့ကြောင်း ကိုသန့်ဇင်ထက်က ပြောသည်။

ကိုသန့်ဇင်ထက်သည် နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း ခမရ ၅ စစ်တပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့
မှူးရုံးတို့မှ သိမ်းယူထားသော လယ်ယာမြေများတွင် မူလလယ်ပိုင်ရှင်များက ထွန်တုံးတိုက်ပွဲ ဆင်နွဲနေခြင်းကို သွားရောက်အားပေးခဲ့သဖြင့် ဒေါ်မြင့်မြင့်အေး၊ ဒေါ်မိမိခိုင် တို့နှင့်အတူ ပေါင်းတည်ထောင် တွင် ၂၀၁၃ခုနှစ်ဇွန်လ ၁၁ရက်က ထောင် ၆လနှင့် ၁၄ရက် ဒီဇင်ဘာ၂၄ရက်တွင် ပေါင်းတည်ထောင်မှ လွတ်မြောက်လာသူဖြစ်သည်။

No comments:

Post a Comment